ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးရွာအစိုးရစာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပ၌ ကရင်စာပေ သင်ကြားမည်

...

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးရွာအစိုးရစာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပ၌ ကရင်စာပေ သင်ကြားမည်

Karen News, 18 Aug 2016

URL: http://karennews.org/2016/08/selected-village-schools-in-rangoon-to-be-taught-karen-language.html/
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းများမှ ကရင်ကျောင်းသားများကို ၎င်းတို့၏မိခင်ဘာသာ
စကားအား ကျောင်းချိန်ပြင်ပအချိန်များတွင် သင်ကြားပေးသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တောတန်းရှိတိုက်ကြီး၊ ဇူးကလပ်၊ တောကျောင်း၊ ဝါးကောက်တော၊ မန်းကလိပ်၊ခ
ရမ်း၊ဆိပ်ကြီး၊ကမာပါ၊ ညောင်ငူကျေးရွာများတွင် ပိုးကရင်စာပေ(ဖလုံ)ကို သင်ကြားနိုင်ရန်အတွက် ကွမ်းခြံကုန်းမြို့ ပညာရေးမှူး
ရုံး၌ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့ကပြုလုပ်သည့် ကရင်စာပေသင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

တောတန်းကြီးရှိ ကရင်တိုင်းရင်းသားများနေထိုင်သော အဆိုပါရွာ(၉)ရွာမှ အစိုးရကျောင်းများ၌ ကျောင်းချိန်ပြင်ပတွင်တစ်ရက်
လျှင် ၄၅ မိနစ်နှင့် တစ်ပတ်သုံးရက် သတ်မှတ်ကာ ပိုးကရင်စာပေ(ဖလုံ)ကို သြဂုတ်လ(၁၉)ရက်နေ့မှစ၍သင်ကြားပေးသွားမည်
ဟု ကွမ်းခြံကုန်းမြို့နယ် စာပေ၊ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းစိုးသိန်းက ကေအိုင်စီသို့ ယခုလိုပြောခဲ့သည်။

"ဒီဒေသမှာ နန့် ၊စ ၊နော် ၊ စော ဆိုရင် မောင် ၊ မ နဲ့ အိမ်ထောင်စုစာရင်းတွေမှာ မှားနေတာတွေ အများကြီးရှိနေတယ်။ကျွန်တော်
တို့ဒေသနဲ့ ဧရာဝတီတိုင်းနဲ့စာရင် ဧရာဝတီတိုင်းဘက်က ကရင်လူဦးရေများတယ်။ နောက်ပြီး စာပေကို စသင်လာတာလည်းကြာ
ပြီ။ ကျွန်တော်တို့က နာဂစ်မတိုင်ခင်မှ တတ်သလိုသင်ခဲ့ကြတာ။ ကိုယ့်ရွာတွေမှာပဲ။ အခုမှ တစ်မြို့နယ်လုံးပြန်စနိုင်တာ "ဟုမန်း
စိုးသိန်းက ပြောသည်။

ယင်းကဲ့သို့ ကျောင်းပြင်ပသင်ကြားရေးတွင် တောတန်းကြီးအတွင်း ကျောင်းပေါင်း ၂၄ ကျောင်း၊ အစိုးရဝန်ထမ်း ဆရာ၊ဆရာမ ၁၁
ဦး၊ ကျောင်းပြင်ပဆရာ၊ဆရာမ ၁၃ ဦးနှင့် သင်ယူမည့် ကျောင်းသား၊ကျောင်းသူပေါင်း ၁၂၄၆ ဦး ရှိပြီး အစိုးရမှ ပုံနှိပ်ထုတ်ဝေသော
ပိုးကရင်သင်ပုန်းကြီးကို သင်ကြားမည်ဖြစ်ကာ ဆရာ၊ဆရာမတစ်ဦးလျှင် အစိုးရမှ ချီးမြှင့်ငွေ ကျပ်သုံးသောင်း ရရှိမည်ဖြစ်ကြောင်း
စာ/ယဉ်တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိကွမ်းခြံကုန်းမြို့နယ်တွင် ကရင်လူမျိုးသုံးသောင်းကျော်ခန့် နေထိုင်လျှက်ရှိကာ အများစုမှာ ကရင်စကားကို ယခင်က အားလုံး
နီးပါးပြောဆိုနိုင်သော်လည်း ယခုအခါ စုစုပေါင်း (၃၀)ရာခိုင်နှုန်းခန့်သာ ကရင်စကားပြောတတ်ကြောင်း မြို့နယ် စာ/ယဉ်၏ ပြောပြ
ချက်အရသိရသည်။