ရွေးကောက်ပွဲမဲဆန္ဒရှင်များစာရင်းကြေငြာမည့်ရက်ကိုUEC မှထုတ်ပြန်

...

ရွေးကောက်ပွဲမဲဆန္ဒရှင်များစာရင်းကြေငြာမည့်ရက်ကိုUEC မှထုတ်ပြန်

The Global New Light of Myanmar, 20 Jun 2015

URL: http://issuu.com/yelay/docs/20_june_15_gnlm
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ၂၀၁၅ခုနှစ်ထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်အမည်စာရင်းများထုတ်ပြန်ကြေငြာမည့်
ရက်စွဲနှင့်နေရာကိုသောကြာနေ့တွင်ထုတ်ပြန်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းများကိုကချင်၊ရခိုင်၊ရှမ်း(မြောက်ပိုင်း)နှင့်ရှမ်း(အရှေ့ပိုင်း)ပြည်နယ်နှင့်ဧရာဝတီတိုင်း၊မန္တလေးတိုင်းရှိမိထ္ထီလာ၊ညောင်ဦး
နှင့်ရမည်းသင်းခရိုင်၊ပဲခူးတိုင်းရှိတောင်ငူခရိုင်၊သာယာဝတီခရိုင်နှင့်ပြည်ခရိုင်၊တနင်္သာရီဒေသကြီးရှိစကိုင်းတိုင်းနှင့်ကော့သောင်းခရိုင်
တို့ရှိကသာ၊မော်လိုက်၊ခမ္မတီးနှင့်နာဂကိုယ်ပိုင်အုပ်ချူပ်ရေးဒေသစသည်တို့နှင့်ရန်ကုန်တိုင်းရှိကျန်ရှိနေသေးသည့်မြို့နယ်(၂၂)မြို့နယ်
စသည်တို့အားလုံး၏ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်အဆင့်လေးဆင့်ဖြင့်၂၀၁၅ခုနှစ်၊ဇွန်လ(၂၂) ရက်
နေ့မှဇူလိုင်လ(၅)ရက်ထိထုတ်ပြန်ကြေငြာမည်ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းတွင်မပါဝင်သူများသည်ပုံစံ(၃)ကိုဖြည့်ရမည်ဟုကြေငြာထားသည်။မဲစာရင်းတွင်ပါရှိသောအချက်အလက်များနှင့်စပ်လျဉ်း
၍မှားယွင်းစွာဖော်ပြခံရသူများသည်ပြင်ဆင်လွှာပုံစံ(၄-ဂ)ကိုအသုံးပြုပြန်လည်ဖြည့်သွင်းရမည်ဖြစ်သည်။မဲစာရင်းတွင်ပါရှိသောမဲဆန္ဒရှင်
များနှင့်စပ်လျဉ်း၍ကန့်ကွက်ချင်ပါကပုံစံ(၄)ကိုဖြည့်မည်ဖြစ်သည်။

လာရောက်လည်ပတ်နေထိုင်သည့်ဧည့်သည်အမည်များကိုအမြဲတမ်းနေထိုင်သူများ၏မဲဆန္ဒရှင်စာရင်းတွင်ထည့်သွင်းမည်ဖြစ်ပြီး၎င်းတို့
သည်အိမ်ထောင်စုစာရင်းပုံစံဖောင်(၆၆/၆၆)ကိုဖြည့်ရမည်ဖြစ်သည်။သို့ဖြစ်ပါ၍အခြေခံမဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအတွက်အုပ်
ချုပ်ရေးအဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊လူမှုအဖွဲ့အစည်းများနှင့်မဲဆန္ဒရှင်များမှဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန်နှင့်အပြုသဘော
ဆောင်သည့်ပူးပေါင်းဆောင်ရွက်မှုများအားကြိုဆိုပါကြောင်းကြေငြာခဲ့သည်။