မြန်မာနိုင်ငံလူဦးရေရေတွက်မှု(၈၅)ရာခိုင်နှုန်းရောက်ရှိလို့လာ

...

မြန်မာနိုင်ငံလူဦးရေရေတွက်မှု(၈၅)ရာခိုင်နှုန်းရောက်ရှိလို့လာ

Irrawaddy News, 08 Apr 2014

URL: http://www.irrawaddy.org/burma/census-winds-85-burmese-population-counted-official.html
ရန်ကုန်—မြန်မာနိုင်ငံ၏အမျိုးသားရေးသန်းခေါင်စာရင်းအေဂျင်စီမှနိုင်ငံ၏ခန့်မှန်းခြေလူဦးရေ၏၈၅ရာခိုင်နှုန်းသည်သန်းခေါင်စာရင်းကောက်ယူမှုတွင်ပါဝင်ခဲ့ကြပြီးကြာသာပတေးနေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်းကိုမြန်မာအမျိုးသားရေးသန်းခေါင်စာရင်းအေဂျင်စီမှတနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။သို့သော်လည်းသီးခြားအနေဖြင့်ကိုးကွယ်မှုနှင့်ပက်သက်သည့်အချက်အလက်
တိကျမှန်ကန်မှုကိုဝေဖန်သူများမှမေးခွန်းထုတ်ခဲ့သည်။

“ကျွန်တော်တို့ရောက်နိုင်သလောက်နေရာတိုင်းကိုလည်ပတ်ကောက်ယူပြီးတဲ့နောက်မှာတော့ဧပြီလ(၁၀)ရက်နေ့မှာကျွန်တော်တို့သန်းခေါင်စာရင်းအချက်အလက်ကောက်ယူတာပြီးပါမယ်”ဟု
သန်းခေါင်စာရင်းအေဂျင်စီအဖွဲ့ဝင်အစိုးရအရာရှိတစ်ဦးဖြစ်သူဦးညီညီမှအင်္ဂါနေ့တွင်ဧရာဝတီသို့ပြောဆိုခဲ့သည်။

“KIO နယ်မြေများမှာရှိတဲ့တချို့နေရာတွေနဲ့ပါဝင်ဖို့ငြင်းဆန်တဲ့ရခိုင်ပြည်နယ်ရှိဘင်္ဂါလီကျေးရွာတွေကလွဲပြီးသန်းခေါင်စာရင်းကောက်ယူမှုဟာနိုင်ငံတခုလုံးကိုတော်တော်လေးခရီးရောက်နေခဲ့
ပါပြီ”

သန်းခေါင်စာရင်းတွင်ပြဌာန်းထားသောဥပဒေအရသန်းခေါင်စာရင်းကောက်ခံရာတွင်ပူးပေါင်းပါဝင်ရန်ငြင်းဆိုသည့်မည်သူကိုမဆိုဒဏ်ငွေကျပ်(၅)သောင်းအထက်(သို့မဟုတ်)ထောင်ဒဏ်(၁)
လကျခံရမည်ဖြစ်သည်။

သမာရိုးကျအချက်အလက်ကောက်ခံမှုများသည်ကြာသာပတေးနေ့တွင်ပြီးဆုံးပြီးနောက်လူဦးရေလေ့လာဆန်းစစ်မှုများကိုကောက်ခံခြင်းနှင့်ရေတွက်ခြင်းများကိုပို၍နောက်ကျခံပြီးမပြုလုပ်ခဲ့
ကြသည့်သန်းခေါင်စာရင်းအေဂျင်စီသည်နိုင်ငံ၏တစိတ်တပိုင်းအနေဖြင့်စေ့စပ်ဆွေးနွေးမှုများကိုပြန်လည်တက်ရောက်ပါဝင်မည်ဖြစ်သည်။သို့သော်လည်းအချက်အလက်များကိုလိုအပ်သောစိ စစ်မှုနှင့်ထုတ်ဝေမှုများမပြုလုပ်မီအချိန်အတိုင်းအဆရှိပါသည်ဟုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏လူဦးရေဌာနမှညွှန်ကြားရေးမှူးဖြစ်သူဦးညီညီမှပြောကြားခဲ့သည်။

ကောက်ခံသူများမှကနဦးကောက်ခံထားသောအချက်အလက်များစာစောင်များကိုအကျဉ်းချုပ်ခဲ့ပြီးသြဂုတ်တွင်ထုတ်ပြန်ကြေငြာမည်ဖြစ်သည်။ကွန်ပြူတာမှရလာသောအကြောင်းအချက်ရလဒ် များကို၂၀၁၅ခုနှစ်ဖေဖော်ဝါရီလ(သို့မဟုတ်)မတ်လတွင်ထုတ်ပြန်ကြေငြာမည်ဟု၎င်းမှပြောကြားခဲ့သည်အလွန်အမင်းရိုးစင်းခြင်း(သို့မဟုတ်)အလှမ်းဝေးလွန်းသောကြောင့်တိုင်းသားအုပ်စု၁၃၅
မျိုးနှင့်အုပ်စုခွဲတို့၏ကွဲပြားပျက်ပြားမှုကိုတချို့တလေမှဝေဖန်ခြင်းများနှင့်အတူတိုင်းရင်သားလူနည်းစုများအကြားလူမျိုးစုအတန်းအစားအငြင်းပွားမှုများလွန်ကဲလာခဲ့သည်။

သို့သော်လည်းမွန်ပြည်နယ်မြို့တော်မော်လမြိုင်တွင်အချက်အလက်ကောက်ခံမှုသည်ထိုနည်းအတိုင်းအခက်အခဲမရှိပဲနှင့်ဆက်လက်လုပ်ဆောင်ဖို့အဓိကအားဖြင့်အလှမ်းဝေးနေခဲ့သည်ဟုကရင်
လူထုပါတီ၏ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူနော်စာထူးမှပြောခဲ့သည်။“ကရင်မျိုးစုခွဲ၃၀၁လို့ဖြေမယ့်အစားကရင်လို့ပဲကျွန်မဖြေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကကျွန်မ
ကိုကရင်လို့သိကြတာပဲ”ဟုကောက်ခံသူများ၏သူမ၏မျိုးနွယ်စုအတွက်သင်္ကေတကိုရည်ရွယ်၍ပြောဆိုခဲ့သည်။

ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသောရှမ်းအများအပြားသည်သန်းခေါင်စာရင်းကောက်ခံမှုကိုခံယူရန်အတွက်၎င်းတို့၏နေရပ်ရှမ်းပြည်နယ်တောင်ပိုင်းသို့ပြန်လာခဲ့ကြသည်ဟုရှမ်း
အမျိုးသားဒီမိုကရက်တစ်ပါတီ၏ဝါရင့်အဖွဲ့ဝင်တဦးဖြစ်သူစိုင်းအောင်မြင့်ခိုင်မှပြောကြားခဲ့သည်။“သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်မှာသူတို့မရှိရင်သူတို့ရဲ့နိုင်သားဖြစ်မှုဆုံးရှုံးမှာကိုသူတို့
ကြောက်ကြတယ်”ဟု၎င်းမှပြောခဲ့သည်

အဓိကကျသောဗုဒ္ဓဘာသာဝင်များ၏သင်္ကြန်အားလပ်ရက်တွင်သက်ကြီးရွယ်ကြီးများကိုကန်တော့ရန်အတွက်အများအပြားလာရောက်နေထိုင်ခြင်းများနှင့်အတူသန်းခေါင်စာရင်းအတွက်ပြန်
လာခဲ့ကြသောရွှေ့ပြောင်းအလုပ်သမားများသည်ခန့်မှန်းခြေထောင်ပေါင်းများစွာမဟုတ်လျှင်တောင်ရာပေါင်းများစွာရှိသည်။

ပလောင်လူမျိုးစုဝင်များအတွက်ရှမ်းလူမျိုးမှခွဲခြားပြီးသတ်မှတ်ရန်ပလောင်ပြည်နယ်ရှေ့ဦးလွတ်မြောက်ရေးမှတောင်းဆိုမှုများသည်ပယ်ချခံခဲ့ရသည်ဟုစိုင်းအောင်မြင့်ခိုင်မှထပ်လောင်းပြောဆို
ခဲ့ကာသန်းခေါင်စာရင်းကောက်ယူရာတွင်ပလောင်ကိုရှမ်း၏အုပ်စုခွဲတစ်ခုအနေဖြင့်စာရင်းသွင်းခဲ့ကြောင်းပြောကြားခဲ့သည်။“နိုင်ငံရေးအချီချဆွေးနွေးမှုများလုပ်လာတဲ့နောက်ပိုင်းကျရင်အဲ့ဒီ့
မှာတိုင်းရင်းသားလူမျိုးစုများနဲ့ပက်သက်ပြီးဆွေးကိုဆွေးနွေးရပါမယ်”ဟု၎င်းမှပြောခဲ့သည်။