အဏ္ဏဝါရေထွက်တင်ပို့မှုများကို စစ်ဆေးရန်အတွက် တနေရာထဲအပြီးဝန်ဆောင်မှုပေးသည့်ဆိပ်ခံတံတား တည်ဆောက်မည်

...

အဏ္ဏဝါရေထွက်တင်ပို့မှုများကို စစ်ဆေးရန်အတွက် တနေရာထဲအပြီးဝန်ဆောင်မှုပေးသည့်ဆိပ်ခံတံတား တည်ဆောက်မည်

The Global New Light of Myanmar, 27 Nov 2018

URL: http://www.globalnewlightofmyanmar.com/one-stop-service-pier-in-myeik-to-check-marine-exports/
ငါးနှင့် ပုဇွန် စသည်ကဲ့သို့သော အဏ္ဏဝါရေထွက်တင်ပို့မှုများကို စစ်ဆေးရန်အတွက် မြိတ်မြို့တွင် တနေရာထဲအပြီးဝန်ဆောင်မှုပေးသည့်ဆိပ်ခံတံတားတစ်ခုတည်ဆောက်ရန် မြိတ်မြို့ရှိုအာဏာပိုင်များက စီစဉ်နေကြောင်းသိရသည်။ ထိုဝန်ဆောင်မှုတွင် အဖွဲ့သည်ငါးဖမ်းရေယာဉ်များပေါ်တွင် တိုက်ရိုက်စစ်ဆေးနိုင်ရန် မျှော်မှန်းထားသည်။ ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။

“ဆိပ်ခံတံတားမှာတင်ပို့ဖို့အတွက်ထားတဲ့ ရေထွက်ထုတ်ကုန်တွေကို စစ်ဆေးရတာ ပိုမိုအကျိုးရှိပါလိမ့်မယ်။ ဆိပ်ခံတံတားက ဒေသအတွက် မရှိမဖြစ်လိုအပ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရစီ မံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးသန်းလွင်က တနေရာထဲအပြီးဝန်ဆောင်မှုပေးသည့်လုပ်ငန်း၏တစိတ်တပိုင်းအနေဖြင့် အဖွဲ့မှ ငါးဖမ်းရေယာဉ်များပေါ်တွင် စစ်ဆေးရာတွင် ဖြစ်နိုင်သည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်။

ဒေကြီး၏ဆိမ်ကမ်းအရာရှိဦးမြတ်စိုးဝင်းက အစိုးရနှင့် ပုဂ္ဂလိကဆိပ်ခံတံတားများ၏အသုံးဝင်ပုံနှင့်ပတ်သက်၍ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများမှ ဆိပ်ခံတံတားဆောက်မည့်နေရာသို့ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဆိပ်ခံတံတားကို ဒေသကြီးအစိုးရမှ ချထားပေးသည့်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။ ပြီးစီးပါ အချိန်ကုန်သက်သာစေမည်ဖြစ်သလို အရည်အသွေးညံ့သည့်ပို့ကုန်နှုန်းများကို စစ်ဆေးနိုင်ခြင်းနှင့် စနစ်တကျစစ်ဆေးမှုများမှတဆင့် မြိတ်ဒေသကြီး၏ ရေထွက်ကုန်တင်ပို့မှုတိုးတက်မှုကို ကူညီပေးနိုင်သည်။ မြိတ်တွင် အောင်မြင်သောရေထွက်ကုန်စက်ရုံတစ်ခုရှိသည်။ ဒေသကြီးသည် နှစ်စဉ် ရေထွက် ကုန် တုံ ၈၀၀၀ ကျော် တင်ပို့သည်။ မြိတ်မြို့မှစီးပွားရေးလုပ်ငန်းရှင်များသည် ကမ်းလွန်ငါးဖမ်းရေယာဉ် ၁၁၀၀ ကျော်နှင့် ကမ်းနီးငါးဖမ်းရေယာဉ် ၅၂၀၀ တို့နှင့်အတူ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လည်ပတ်နေသည်။