အစိုးရမှ လယ်သမားများအား စပါးအစေ့တင်း (၇)သောင်း ကူညီပေးမည်

...

အစိုးရမှ လယ်သမားများအား စပါးအစေ့တင်း (၇)သောင်း ကူညီပေးမည်

Myanmar Times, 03 Aug 2018

URL: https://www.mmtimes.com/news/govt-readies-70000-baskets-seed-aid-paddy-farmers.html
ရေကြီးမှုကြောင့် ဆန်စပါးများပျက်စီးသွားသည့် လယ်သမားများကို ကူညီပေးရန်အတွက် အစိုးရမှ စပါးစေ့တင်း(၇)သောင်းကျော်ပေးရန် ပြင်ဆင်နေသည်ဟု စိုက်ပျိုရေးမှ အထက်တန်းအရာရှိတစ်ဦးက ပြောခဲ့ သည်။

လွန်ခဲ့သော နှစ်လအတွင်း စပါးဧက သိန်းပေါင်းများစွာသည် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လက်ထောက်အမြဲ တမ်းအတွင်းဝန်ဖြစ်သူ ဦးမျိုးတင့် ထွန်း၏အဆိုအရ သိရသည်။

အစိုးရက လယ်သမားတွေကို မုတ်သုန်သီးနှံ ပြန်လည် ထွန်ယက်စိုက်ပျိုးဖို့အတွက် အစေ့တွေကို ကူညီပေးပါမယ်”ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏အဆိုရ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတဝန်းရှိ လယ်မြေဧက ၀.၇ သန်းကျော်ရေလွှမ်းမိုးခဲ့ရပြီး ဧက ၃ သိန်းမှာ ပျက်စီးခဲ့သည်။ တချို့လယ်သမားများမှာ ပျက်စီးသွားသော နှမ်းကွင်း များတွင် မုတ်သုံဆန်စပါးကို ယခုအခါ စိုက်ပျိုးနေပြီဖြစ်ပြီး အခြားသောကောက်ပဲသီးနှံများကိုလည်း ကြိုးစားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဦးမျိုးတင့်ထွန်းကပြောသည်။