အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)ကို အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်

...

အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)ကို အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်

The Global New Light of Myanmar, 08 Jul 2018

URL: http://www.globalnewlightofmyanmar.com/secretariat-office-to-become-museum-of-martyrs/
ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးခေါ် ဝန်ကြီးများရုံးကို အာဇာနည်ပြတိုက်အဖြစ် လာမည့်နှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ ကြောင်း အဆိုပါအဆောက်အအုံကြီး၏ ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

အဆိုပါပြတိုက်တွင် လွှတ်တော်တိုက်၊ မြန်မာ့ယဉ်ကျေးမှုပြခန်း များ၊ တိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင် များထားရှိမည်ဖြစ်ပြီး အာဇာနည်ပြခန်းတွင် လုပ်ကြံခံရစဉ်က အခြေအနေ များ ပြသထားမည်ဖြစ်ကြောင်း ဒေါက်တာ မောင်မောင် သိမ်းက ဆိုသည်။

ပရိဘောဂပစ္စည်းများမှာမူ နိုင်ငံတော်မှ မူရင်းပစ္စည်းများ ပြသခွင့် ပေးပါက မူရင်းအတိုင်းပြသထားမည်ဖြစ်ပြီး ပြသခွင့်မပေးပါက ပစ္စည်းပုံစံတူပြုလုပ်၍လည်းကောင်း၊ ဓာတ်ပုံများဖြင့်လည်းကောင်း ပြသ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝန်ကြီးများရုံး ပရဝဏ်မှာ ၁၆ ဧက ကျယ်ဝန်းပြီး ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများသည် ယခုအခါ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ် ကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်ပြတိုက်နှင့် လွှတ်တော်ပြတိုက်ကို ဦးစားပေးပြုပြင်လျက်ရှိပြီး အဆိုပါပြတိုက်နှစ်ခုသည် ၈၀ ရာခိုင်နှုန်းခန့် ပြုပြင်ပြီး ဖြစ်ကြောင်း သိရသည်။

ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ကုန်ကျမည်ဖြစ်သဖြင့် ပြတိုက်ဖွင့်လှစ်ပါက ဝင်ကြေးများကို အများပြည်သူတတ်နိုင်သည့် ပမာဏအတိုင်း အထိုက်အလျောက် ကောက် ခံသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာမောင်မောင်သိမ်း က ဆိုသည်။

"နိုင်ငံခြားသားတွေ လာရောက်လေ့လာဖို့အတွက် အဓိကရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။