အစိုးရဝန်ထမ်းများအတွက် တိုက်ခန်း ၂၆၀ ရရှိမည်

...

အစိုးရဝန်ထမ်းများအတွက် တိုက်ခန်း ၂၆၀ ရရှိမည်

The Global New Light of Myanmar, 02 Jul 2018

URL: http://www.burmalibrary.org/docs24/GNLM2018-07-01-red.pdf
တိုက်ခန်း ၂၆၀ ပါရှိသည့် အောင်မြေမင်္ဂလာဝန်ထမ်းအိမ်ရာကို မန္တလေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်နေပြီး ဝန်ထမ်းများအား အခန်းပေးမည်ဖြစ်သည်။

မန္တလေးတိုင်းတွင် ဝင်ငွေနည်းပါးသည့် ဝန်ထမ်းနှင့်ဆရာများကို အောင်မြေမင်္ဂလာဝန်ထမ်းအိမ်ရာ၌ ဦးစားပေး ပေးမည်ဖြစ်သည်။ ဒီ တိုက်ခန်းတွေဆောက်ပြီးတာနဲ့ မီတာတပ်ပြီးပြီးချင်း ဝန်ထမ်းတွေက အခန်းသစ်ကို ပြောင်းရွှေ့လာလို့ရပါပြီ ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသက်နိုင်က ပြောသည်။

အိမ်ရာတွင် နေထိုင်ရန် လာရောက်လျှောက်ထားသူ ၁၀၀၀ ကျော်ရှိသော်လည်း တချို့သောဝန်ထမ်းများမှာ နှုတ်ထွက်သွားသူများနှင့် ပင်စင်သွားသူများ ရှိသောကြောင့် လျှောက်ထားသူအရေအတွက် လျော့နည်းဖွယ်ရာ ရှိသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်း ၅၆၁၆၂ ဦးရှိသော်လည်း တိုက်ခန်းများမှာ ၃၀၃၀သာ ဆောက်လုပ်လျှက်ရှိသောကြောင့် ၅.၃၉ ရာခိုင်နှုန်းသာ အဆောက်အဦးတွင် နေထိုင်နိုင်မည်ဖြစ်သည်။