အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံမည်

...

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံမည်

Mizzima, 21 Oct 2017

URL: http://www.mizzima.com/news-domestic/government%E2%80%99s-peace-commission-will-meet-dpn
တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA)ရေးထိုးနိုင်ရေးကိစ္စနှင့်ပတ်သတ်ပြီး မပြေးလည်သေးသောအချက် ၄ ချက်ဆွေးနွေးရန်အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) နှင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသတ္တမအကြိမ်အစည်းအဝေးတွေ့ဆုံဆွေးနွေးပွဲကို လာမည့်အောက်တိုဘာလ ၂၃ရက်နှင့် ၂၄ရက်တို့တွင် ရန်ကုန်မြို့ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်မည်ဟု UNFC စည်းရုံးရေးနှင့် သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခြင်းဖြစ်သည်။

ယခု(၇)ကြိမ်မြောက် တွေ့ဆုံမှုသည် DPN အဖွဲ့ခေါင်းဆောင်ခူဦးရယ်အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း(၆)ဦးနှင့်နည်းပညာအထောက်အကူပြုအဖွဲ့၊ ရုံးအဖွဲ့ဝင်များ တက်ရောက်သွားကြမည်ဖြစ်ကြောင်း UNFC ဘက်မှ ထုတ်ပြန်ထားသည်။