အထက်တန်းကျောင်းများတွင် လူ့အခွင့်အရေးသင်ကြားမှု စတင်

...

အထက်တန်းကျောင်းများတွင် လူ့အခွင့်အရေးသင်ကြားမှု စတင်

The Irrawaddy, 24 Aug 2017

URL: https://www.irrawaddy.com/news/burma/human-rights-program-launches-high-schools.html
ပဲခူးတိုင်းဒေသကြီးရှိ အစိုးရကျောင်း ၇၃ ကျောင်းမှ ကျောင်းသားထောင်ပေါင်းများစွာအတွက် လူ့အခွင့်အရေးသင်ကြားမှု အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ
ဦးအောင်မျိုးကျော်၏အဆိုအရသိရ သည်။

“အစိုးရနဲ့ ပြည်မြို့နယ်က ပညာရေးဝန်ကြီးဌာနတို့ရဲ့ သဘော တူညီချက်အရ ကျမတို့မြို့က ကျောင်းတွေမှာ လူအခွင့်အရေး မိတ်ဆက်သင်တန်းတွေ စတင်နေပါပြီ” ဟု ပဲခူးတိုင်း ပြည်မြို့ နယ်ပညာရေးမှူး ဒေါ်မာမာဇင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ နှစ်နာရီကြာသင်ရိုးသည် နိုင်ငံတကာလူ့အ ခွင့်အရေးကြေညာစာတမ်းနှင့် ကလေးသူငယ်များ အခွင့်အ ရေးဆိုင်ရာ သဘောတူညီချက်များကို လူ့အခွင့်အရေး
ပညာ ပေးသူများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကာတွန်း၊ ဗီဒီယို၊ ဆွေးနွေးပွဲနှင့် သုံးသပ်တင်ပြချက်တို့ဖြင့် မိတ်ဆက်ပို့ချ ထား သည်။

ကျောင်းတခုစီတွင် ကျောင်းသား ၁၀၀ မှ ၇၀၀ အထိ ထိုအစီအစဉ်ကို တက်ရောက်ခဲ့ကြသည်။ ထိုအစီအစဉ်ကို သြဂုတ်လ ၁ ရက် နေ့မှ စတင်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။ သင်တန်းသားများနှင့် နည်းပြ
များ၏အခြေအနေတိုးတက်မှုကို လေ့လာရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)သည် တောင် ကြီးနှင့် မုံရွာခရိုင်များသို့ လည်း သွားရောက်မည်ဖြစ်သည်။

ထိုအစီအစဉ်ကို ရန်ကုန်တိုင်းအတွင်းရှိ အစိုးရကျောင်း ၈ ကျောင်းနှင့် ပဲခူးတိုင်းရှိကျောင်း ၃ ကျောင်းတွင် ၂၀၁၆ ခုနှစ်က စတင် ခဲ့သည်။ ယခုနှစ်တွင်မူ တိုင်း ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ၁၁ ကျောင်းမှ
၇၂ ကျောင်းသို့ တိုးချဲ့ နိုင်ခဲ့သည်။

အစိုးရ၊ မြန်မာပညာရေး သုတေသနဗျူရို၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNICEF မှ ကျွမ်းကျင်သူများ ၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး လူ့အခွင့်အရေးသင်
ရိုးသစ်တခု ရေးဆွဲရန် သဘောတူထားပြီးဖြစ်သော်လည်း အစိုးလုပ်ငန်းဆောင်တာများကြောင့် အကောင်အထည်ဖော်ရန်အတွက် နှောင့်နှေးကြန့်ကြာနေ သည်ဟု သတင်းများက ဆိုသည်။