အစိုးရ၏ စီမံချက်အောက်၌ မော်လမြိုင်ကျွန်းမြို့နယ်တွင် တံတားသစ်တစင်းဆောက်လုပ်

...

အစိုးရ၏ စီမံချက်အောက်၌ မော်လမြိုင်ကျွန်းမြို့နယ်တွင် တံတားသစ်တစင်းဆောက်လုပ်

The Global New Light of Myanmar, 20 Mar 2017

URL: https://issuu.com/myanmarnewspaper/docs/20_mar_17_gnlm
အစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖြင့် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်ရှိ မော်လမြိုင်ကျွန်းမြို့နယ်တွင် တံတားသစ်တစင်း ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။

ဘတ်ဂျက်ငွေ စုစုပေါင်းငွေကျပ်(၄၈)သန်းကို အသုံးပြု၍ သတ်မှတ်ထားသည့်နေရာတွင် မြို့နယ်ကျေးလက်ဒေသဦးစီးဌာနမှ ပန်းမောက်ကုံးဟုအမည်ပေးထားသည် RC ကွန်ကရစ်လောင်းတံတားသစ်တစ်စင်း
ဆောက်လုပ်မှုကို စီစဉ် ဆောက်ရွက်ပေးခဲ့သည်။

တံတားမှာ အရှည် ပေ(၆၀) ရှိပြီး အကျယ်(၁၄)ပေရှိသည်။ တံတားသစ်သည် ဂုံညင်းတန်း၊ ဘဆိုင်းကုန်း၊ ပန်းမောက်ကုံးနှင့် မြင်းကကုံးရွာများကိုချိတ်ဆက်ပေးသွားမည်ဖြစ်သည်။

မြို့နယ်အာဏာပိုင်များသည် တံတားသစ်ဆောက်လုပ်မှု တိုးတက်မှုအခြေအနေကို ကြည့်ရှု့စစ်ဆေးရန်အတွက် စီမံကိန်းနေရာသို့ မကြာသေးမီကပင် သွားရောက်လည်ပတ်ကြည့်ရှု့စစ်ဆေးခဲ့သည်။

တံတားသစ်သည် ထိုကျေးရွာများသို့ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ပံ့ပိုးပေးရာတွင် အထောက်အကူပြုမည်ဖြစ်သည်။ ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု စုစုပေါင်း(၇၅၀)တွင် စုစုပေါင်းလူဦးရေ(၃၆၅၂)
ဦးရှိကြသည်။