အစိုးရမှ UNFC တောင်းဆိုထားသည့် အချက်(၉)ချက်ကို သဘောတူညီ

...

အစိုးရမှ UNFC တောင်းဆိုထားသည့် အချက်(၉)ချက်ကို သဘောတူညီ

Burma News International, 06 Mar 2017

URL: http://www.bnionline.net/news/mizzima/item/2791-government-agrees-on-unfc-s-9-point-proposal.html
UNFC မှ အချက်(၉)ချက်ကို တင်ပြပြီးနောက်တွင် နှစ်ဖက်စလုံးမှ အဆိုပြုချက်ကို လက်ခံနိုင်ခဲ့သောကြောင့် UNFC နှင့်အစိုးရသည် အဆိုပြုချက်ပါ အခြေခံမူကို သဘောတူညီမှုရရှိခဲ့သည်။

နှစ်ဘက်စလုံးက အခြေခံမူတွေကို လက်ခံနိုင်တာကြောင့် အချက်(၉)ချက်ကို နောက်ဆုံးမှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးဇော်ဌေးက အစည်းအဝေးပြီးနောက်
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ဘက်မှ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) သည် ရန်ကုန်မြို့ရှိ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးစင်တာ(NRPC)တွင် မတ်
လ(၃)ရက်နေ့၌တွေ့ဆုံခဲ့သည်။

DPN အဖွဲ့ခေါင်းဆောင်ခွန်ဦးရယ်က အချက်(၉)ချက်သဘောတူညီမှုကို ၎င်းတို့မှ အတည်ပြုချက်ရယူရန်အတွက် UNFC အား တင်ပြမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှ နှစ်ဖက်စလုံးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ “အဖွဲ့အစည်းများအားလုံး
ကိုထည့်သွင်းသင့်ပါတယ် ။ ၂၁ ရာစုပင်လုံညီလာခံမှာ အဖွဲ့အစည်းအားလုံးတက်ရောက်ပါဝင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ပါတယ်။”

UNFC မှတင်ပြသည့် အဆိုပြုချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် အစိုးရနှင့် တပ်မတော်သည် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ
ကြောင်း ကြေငြာပေးရန်နှင့် UNFC အောက်ရှိ အဖွဲ့အစည်းများမှ ၄၈ နာရီအတွင်းကြေငြာပေးရန်ဖြစ်သည်။ ၂၁ရာစုပင်လုံညီလာခံရှိ ဆုံးဖြတ်ချက်များအပေါ်မူတည်၍ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို
ပြင်ဆင်ပေးရန်ဖြစ်သည်။