အစိုးရမှ ရှေးပြေးစမ်းသပ်မှုအဖြစ် နိုင်ငံသား စီစစ်ရေးကတ်များကို ဒစ်ဂျစ်တယ် မှတ်ပုံတင် စမတ်ကတ်အဖြစ်ပြောင်းလဲရန် စတင်ပြုလုပ်

...

အစိုးရမှ ရှေးပြေးစမ်းသပ်မှုအဖြစ် နိုင်ငံသား စီစစ်ရေးကတ်များကို ဒစ်ဂျစ်တယ် မှတ်ပုံတင် စမတ်ကတ်အဖြစ်ပြောင်းလဲရန် စတင်ပြုလုပ်

The Irrawaddy, 15 Dec 2016

URL: http://www.irrawaddy.com/news/burma/govt-pilot-project-introduces-digital-id-cards.html
မြန်မာအစိုးရသည် နေပြည်တော်နှင့် မန္တလေးတွင် မှတ်ပုံတင်ကတ်အား စမတ်ကတ်အဖြစ် ပြောင်းလဲလုပ်ဆောင်ပေးခြင်းကို
ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ဆောင်ရွက်ပေးနေသည်။

မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
မှထုတ်ပေးခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် လွှတ်တော်ချိန်တွင် အောက်လွှတ်တော်အမတ်တစ်ဦးမှ ဝန်ကြီးဌာန၏ မှတ်ပုံတင်စမတ်ကတ်စီစံ
ကိန်းနှင့် ပတ်သတ်၍ မေးမြန်းခြင်းအား ဝန်ကြီးဦးသိန်းဆွေမှ ယင်းစီမံကိန်းနှင့် ပတ်သတ်သည်များကို နောက်ခံအချက်အ
လက်များဖြင့် ထည့်သွင်းဖြေကြားခဲ့သည်။

"အစိုးရရဲ့ အလက်ထရောနစ်စနစ်နဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်များကို စမတ်ကတ်များနဲ့ အစားထိုးလုပ်ဆောင်တဲ့ စီမံကိန်းကို
ဦးစားပေးစီမံကိန်းတစ်ခုအနေနဲ့ လုပ်ဆောင်နေပါတယ် " ဝန်ကြီးက အမတ်များကို အဖြေပေးခဲ့သည်။

နေပြည်တော်နှင့် မန္တလေးတွင် ရှေ့ပြေးစမ်းသပ်စီမံကိန်း ပြီးစီးပြီးနောက် စီမံကိန်းကို အခြားပြည်နယ်နှင့် တိုင်းများတွင် အ
ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောကြားခဲ့သည်။

ရှေ့ပြေးစမ်းသပ်စီမံကိန်းကို နေပြည်တော်ရှိ အချို့မြို့နယ်များတွင် ပြီးခဲ့သည့်ရက်သတ္တပတ်၌ စတင်ဆောင်ရွက်ခဲ့ပြီး မန္တလေး
တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့၌ စတင်ခဲ့သည်။

ကနဦးစတင်လုပ်ဆောင်ရာတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိမှ နိုင်ငံသားများ၏ လက်ဗွေ၊ မျက်လုံးစကမ်ဖတ်ခြင်းနှင့် တစ်ဦး
ချင်းစီအား ဓာတ်ပုံရိုက်ခြင်းများ ပါဝင်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။

ဒစ်ဂျစ်တယ် ID စမတ်ကတ်များသုံးနှင့်နေပြီဖြစ်သော အိမ်နီးခြင်းနိုင်ငံများရှိ IT ကုမ္ပဏီများအပါအဝင် ပြည်တွင်းပြည်ပကျွမ်း
ကျင်သူများမှ လုပ်ငန်းစဉ်များနှင့်ပတ်သတ်သည့် အကြံဉာဏ်များပေးခြင်းကိုလည်းကြိုဆိုကြောင်းဝန်ကြီးကပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူဦးရေ ၅၃သန်းတွင် ခန့်မှန်းခြေအားဖြင့် ၃၇သန်း သည် နိုင်ငံသားကတ် ပန်းရောင်များကို ကိုင်
ဆောင်ထားသည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။