အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာသည် တွေ့နိုင်--ဘဏ္ဍရေးဝန်ကြီး

...

အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာသည် တွေ့နိုင်--ဘဏ္ဍရေးဝန်ကြီး

Myanmar Times, 15 Sep 2016

URL: http://www.mmtimes.com/index.php/business/22540-govt-reforms-will-see-foreign-investment-flow-into-myanmar-finance-minister.html
နေပြည်တော်၌ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် ဥပရောပငွေကြေးဆိုင်ရာ မြန်မာ့ဂလိုဘယ်ရင်းနှီးမြှုပ်နှံမှု
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဘဏ္ဍရေးနှင့် စီမံကိန်းဝန်ကြီးဖြစ်သူ ဦးကျော်ဝင်းက ရာနှင့်ချီ တက်ရောက်လာကြသည့် ပြည်တွင်း ပြည်ပ
စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များအား မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့်သို့ စတင်လှမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထံမှ လေ့လာသင်ယူနေကြောင်း၊ နိုင်ငံတဝှမ်းတွင် စီးပွားရေးဆိုင်ရာ မူဝါဒများ တိုးတက်ဖြစ်ထွန်းလာ
မည်ဟု ယုံကြည်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းများကိုလည်း အသေအချာပြုလုပ်ရန် လိုအပ်ကြောင်း ဦးကျော်ဝင်းကပြော
ကြားခဲ့သည်။

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အကူအညီဖြင့် မြန်မာအစိုးရသည် ကုမ္ပဏီဆိုင်ရာ ဥပဒေကို မွမ်းမံနေပြီဖြစ်ပြီး နိုင်ငံတကာ ငွေရေးကြေး
ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အကူအညီဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ထိန်း
ချုပ်နိုင်ရန်အတွက် ဥပဒေရေးဆွဲနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသစ်ရေးဆွဲလိုက်သည့် ဥပဒေအောက်တွင် ရင်းနှီးမြှုပ်နှံသူများကို ၎င်းတို့ လုပ်ငန်းအမျိုးအစားနှင့် တည်နေရာအပေါ်မူတည်၍ အမျိုးမျိုး
သောအဆင့် အမျိုးအစားအလိုက် ကင်းလွတ်ခွင့် ပေးမည်ဖြစ်သည်။ ထို့ပြင် ဥပဒေသစ်သည် MIC ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်
တီးပေးရန်၊ ဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုများတွင် အားသွန်ခွန်စိုက် ပြုလုပ်ရန်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုပေးရန်အတွက်
ဒေသကြီး အာဏာပိုင်များကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမည်ဖြစ်သည်။ တချို့သော စီမံကိန်းများအတွက် ခွင့်ပြုမှု လုပ်ငန်းစဉ်များလည်း
ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။