အစိုးရလုပ်ဆောင်ချက်များနောက်ကွယ်တွင်ရှိသည့်နိုင်ငံတော်အတိုင်ပင်ခံရုံး

...

အစိုးရလုပ်ဆောင်ချက်များနောက်ကွယ်တွင်ရှိသည့်နိုင်ငံတော်အတိုင်ပင်ခံရုံး

The Irrawaddy, 28 Jun 2016

URL: http://www.irrawaddy.com/burma/state-counselors-office-behind-govts-agenda-minister.html
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းမှသည်ရခိုင်ပြည်နယ်ငြိမ်းချမ်းအောင်လုပ်ဆောင်မှုများအထိအစိုးရ၏အချို့အလွန်အရေးကြီးသောကနဦး
လုပ်ဆောင်မှုများ၏နောက်ကွယ်တွင်နိုင်ငံတော်အတိုင်ပင်ခံရုံးရှိနေသည်ဟုတနင်္လာနေ့တွင်ဝန်ကြီးဦးကျော်တင့်ဆွေနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာ
တွင်ဝန်ကြီးမှပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရာထူးသည်သမ္မတမဖြစ်အောင်တားဆီးခြင်းခံထားရသောနိုင်ငံရေးလွှမ်းမိုးမှုပါဝါကြီးမားသူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်ဧပြီလအစောပိုင်းတွင်ဖွဲ့စည်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။မေလလယ်တွင်ဦးကျော်တင့်ဆွေအားပြည်
ထောင်စုဝန်ကြီးဌာနအဆင့်ရှိသည့်နိုင်ငံတော်အတိုင်ပင်ခံရုံး၏ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီးဝန်ထမ်းအယောက်(၂၀၀)ရှိသည်။

ပြည်တွင်းထုတ်မွန်သတင်းအေဂျင်စီနှင့်တနင်္လာနေ့တွင်သီးသန့်တွေ့ဆုံမေးမြန်းရာ၌၎င်းဝန်ကြီးဌာနသည်နိုင်ငံရေးအကျဉ်းသားများနှင့်တက်ကြွ
လှုပ်ရှားသူများအားလွှတ်ပေးခြင်းနှင့်သမ္မတရုံးပြန်လည်ဖွဲ့စည်းခြင်းတို့တွင်နောက်ကွယ်ကရှိနေခဲ့သည်ဟုဝန်ကြီးဦးကျော်တင့်ဆွေကပြောကြားခဲ့
သည်။ထို့ပြင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးစင်တာအတွက်မြန်မာ့ငြိမ်းချမ်းရေးစင်တာပြန်လည်ဖွဲ့စည်းခြင်းကဏ္ဍအပြင်ရခိုင်
ပြည်နယ်တွင်ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများတွင်လည်းပါဝင်လုပ်ဆောင်ခဲ့ပြီးတိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၂၁ရာစုပင်လုံညီလာခံကျင်းပရန်အတွက်လည်းသြဂုတ်လနှောင်းပိုင်းသတ်မှတ်ထားကာလုပ်ဆောင်
နေကြောင်းပြောကြားခဲ့သည်။