အစိုးရမှ NCA လက်မှတ်မထိုးသည့်အဖွဲ့များအားနိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွင်ပါဝင်ရန်ဖိတ်ကြား

...

အစိုးရမှ NCA လက်မှတ်မထိုးသည့်အဖွဲ့များအားနိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွင်ပါဝင်ရန်ဖိတ်ကြား

The Global New Light of Myanmar, 03 Jun 2016

URL: http://globalnewlightofmyanmar.com/a-place-at-the-table-govt-invites-non-signatories-of-nca-to-join-political- dialogue-framework-meeting/
အမျိုးသားဒီမိုကရေစီအဖွဲ့ဦးဆောင်သည့်NLDအစိုးရအဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များတွင်အဖွဲ့အားလုံးပါဝင်ကြရန်
လမ်းဖွင့်ပေးလိုက်သည်၊လာမည့် ငြိမ်းချမ်းရေးမူဘောင်ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန်အတွက် NCA လက်မှတ်မထိုးသည့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုအတွက် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်
စီ(UNFC)၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်များ(DPN) ဖြင့် ဦးစွာကျင်းပသည့် အစည်းအဝေး အတွင်းတွင် ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံ နှင့် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရန်အတွက် အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ-(၂)၏ ဥက္ကဌဖြစ်သူအစိုးရ၏
ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးသူတစ်ဦးလည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းသည် NCAလက်မှတ်မထိုးသည့်အဖွဲ့များ၏ခေါင်းဆောင်
များအားနောက်တစ်ပတ်တွင် ကျင်းပမည့် နိုင်ငံရေးမူဘောင်ဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်ရန် တရားဝင်ဖိတ်ကြားခဲ့
သည်။

အစည်းအဝေးအတွင်း NCA လက်မှတ်မထိုးသည့် အဖွဲ့များမှ ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်နိုင်ရေးနှင့်ပတ်သတ်သည့်ကိစ္စများ၊၎င်း
တို့အားပါဝင်ခွင့်ပြုမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သတ်သည့်ကိစ္စများ စသည်တို့ကို ဆွေးနွေးခဲ့သည်။ နိုင်ငံရေးမူဘောင်ကို
၎င်းတို့မှ ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆပ်ကော်မတီ(၂)သည် ချင်းမိုင်သို့ ကြာသာပတေးနေ့တွင် ရောက်ရှိလာခဲ့ပြီး ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးပါတီ(RCSS/SSA)
နှင့်သီးခြားတွေ့ဆုံခဲ့သည်။