အတင်းအကြပ်လုပ်အားပေးခိုင်းစေမှုများရပ်တန့်သွားစေရန်နှင့်ကလေးအလုပ်သမားဥပဒေများအကျိုးသက်ရောက်မှုရှိစေရန်ဆောင်ရွက်သွားမည်ဟုအစိုးရမှကတိပြု

...

အတင်းအကြပ်လုပ်အားပေးခိုင်းစေမှုများရပ်တန့်သွားစေရန်နှင့်ကလေးအလုပ်သမားဥပဒေများအကျိုးသက်ရောက်မှုရှိစေရန်ဆောင်ရွက်သွားမည်ဟုအစိုးရမှကတိပြု

Mizzima, 02 May 2016

URL: http://www.mizzima.com/news-domestic/government-vows-end-forced-labour-enforce-child-labour-laws
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည်နိုင်ငံတကာအလုပ်သမားနေ့ဖြစ်သည့်ယမန်နေ့၌
ကြေငြာချက်တစ်စောင်ထုတ်ပြန်ကြေငြာခဲ့သည်၊ကြေငြာချက်တွင်အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းများအပါအဝင်အ
လုပ်သမားအခွင့်အရေးများကိုမြှင့်တင်ဆောင်ရွက်အကာအကွယ်ပေးသွားမည်ဖြစ်ပြီးကလေးသူငယ်အလုပ်သမားဥပဒေများ
ကိုလည်းပိုမိုအကျိုးရှိခိုင်မာအောင်ဆောင်ရွက်သွားမည်ဟုကတိပေးပြောကြားလိုက်ကြောင်းမြန်မာ့အလင်းသတင်းစာကမေ
လ(၂)ရက်နေ့တွင်အစီရင်ခံတွင်ဖော်ပြခဲ့သည်။

ယင်းကြေငြာချက်ထဲတွင်အလုပ်ခွင်၌အခွင့်အရေးများမြှင့်တင်ဆောင်ရွက်ရေး၊သင့်တော်သောအလုပ်အကိုင်အခွင့်အရေး
များရရှိရန်အားပေးတိုက်တွန်းခြင်း၊လူမှုရေးပိုင်းဆိုင်ရာကာကွယ်ပေးမှုများတိုးမြှင့်ရေးနှင့်အလုပ်သမားများနှင့်ဆက်စပ်နေ
သည့်အကြောင်းအရာများအပေါ်အပြန်အလှန်ဆွေးနွေးမှုများအခိုင်အမာရရှိရေးစသည်တို့ကိုလုပ်ဆောင်ရာတွင်အစိုးရနှင့်
အတူပါဝင်ဆောင်ရွက်ကြရန်စိတ်ပါဝင်စားသူလုပ်ဖော်ကိုင်ဖက်အားလုံးကိုဖိတ်ခေါ်ခဲ့သည်၊

နိုင်ငံတကာစံချိန်စံနှုန်းများနှင့်နိုင်ငံတကာအလုပ်သမားအခွင့်အရေးလက်တွေ့ဆောင်ရွက်မှုများစသည်တို့ကိုနိုင်ငံတကာ
နှင့်တတန်းထဲရှိစေရန်အတွက်အလုပ်သမားအခွင့်အရေးများနှင့်ဆက်စပ်နေသည့်ပြည်တွင်းဥပဒေများကိုအစိုးရမှပြန်လည်
သုံးသပ်နေသည်။မြန်မာ့လွှတ်တော်သည်မကြာသေးမီကပင်နိုင်ငံ၏အလုပ်သမားဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ပြီးအသစ်တစ်
ခုကိုအတည်ပြုနိုင်ခဲ့သည်ဟုအစီရင်ခံစာတွင်ဖော်ပြခဲ့သည်။