အစိုးရမှပထမဦးဆုံးအကြိမ်အဖြစ်အနည်းဆုံးလုပ်ခကြေးငွေသတ်မှတ်

...

အစိုးရမှပထမဦးဆုံးအကြိမ်အဖြစ်အနည်းဆုံးလုပ်ခကြေးငွေသတ်မှတ်

Mizzima, 29 Aug 2015

URL: http://www.mizzima.com/news-domestic/government-approves-first-ever-national-minimum-wage
အလုပ်ရှင်များနှင့်အလုပ်သမားများလအနည်းငယ်ကြာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက်နိုင်ငံ၏ပထမဆုံးအကြိမ်အနည်း
ဆုံးလုပ်ခကြေးငွေကိုမြန်မာအစိုးရမှအတည်ပြုလိုက်ကြောင်းစနေနေ့ထုတ်နိုင်ငံတော်သတင်းစာတွင်အစီအရင်ခံဖော်ပြခဲ့သည်။

တစ်ရက်လျှင်အလုပ်ချိန်(၈)နာရီအတွက်လုပ်ခ(၃၆၀၀)ကျပ်(ယူအက်စ်ဒေါ်လာ၂.၈၀) သတ်မှတ်လိုက်ခြင်းဖြစ်ပြီးအင်္ဂါနေ့တွင်စ
တင်သက်ရောက်မည်ဟုနိုင်ငံတော်သတင်းစာဖြစ်သောမြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည်။
၎င်းကိုအလုပ်သမားများအတွင်းကဏ္ဍအားလုံးနှင့်စက်မှုလုပ်ငန်းများတွင်လုပ်ဆောင်မည်ဖြစ်သော်လည်းအလုပ်သမားဦးရေ(၁၅)
ဦးထက်လျော့နည်းသည့်အသေးစားစီးပွားရေးလုပ်ငန်းများတွင်ထည့်သွင်းလုပ်ဆောင်မည်မဟုတ်ပေ။
၂၀၁၁ခုနှစ်တွင်ဆယ်စုနှစ်များစွာအုပ်ချုပ်လာခဲ့သည့်စစ်အစိုးရအုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက်မြန်မာနိုင်ငံ၌လုပ်ခပိုမိုပေးရန်
အတွက်ဆန္ဒပြမှုများရှိလာပြီးအထူးသဖြင့်ကြီးထွားလာသောအထည်ချုပ်စက်ရုံကဏ္ဍရှိအလုပ်သမားများကြားတွင်ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။

အစိုးရ၊အလုပ်သမားအဖွဲ့များ၊အလုပ်ရှင်များနှင့်အလုပ်သမားများအတွင်းအကြိမ်များစွာညှိနှိုင်းပြောဆိုပြီးမှလုပ်ခနှင့်ပတ်သက်
သည့်ဆုံးဖြတ်ချက်ကိုအမျိုးသားလုပ်ခအနည်းဆုံးသတ်မှတ်ရေးကော်မတီမှသောကြာနေ့တွင်ကြေငြာခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံသားနှစ်သန်းနီးပါးပြောင်းရွှေ့လုပ်ကိုင်နေပြီးတစ်ရက်လျှင်အနည်းဆုံးလုပ်ခဘတ်(၃၀၀)
(ယူအက်စ်၈ဒေါ်လာ)ရရှိသည်။
လူ့အခွင့်အရေးအဖွဲ့များမှမြန်မာပြောင်းရွှေ့အလုပ်သမားများသည်မကြာခဏသည့်ထက်ပိုမိုနည်းပါးသောလုပ်ခကိုရရှိကြပြီးအား
ရစရာမကောင်းသောအခြေအနေများတွင်လုပ်ကိုင်နေကြကာခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများလည်းခံခဲ့ရသည် ဟုပြောဆိုကြ
သည်။