အနိမ့်ဆုံးလခအဆိုပြုထားနှုန်းကန့်ကွက်သူရာနှင့်ချီ၍ရှိ

...

အနိမ့်ဆုံးလခအဆိုပြုထားနှုန်းကန့်ကွက်သူရာနှင့်ချီ၍ရှိ

Myanmar Times, 16 Jul 2015

URL: http://www.mmtimes.com/index.php/national-news/yangon/15523-minimum-wage-plan-prompts-hundreds-of-complaints.html
သပိတ်မှောက်ခြင်းများနှင့်ဆန္ဒပြခြင်းများဖြင့်အလေးအနက်တောင်းဆိုညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်းအားဖြင့်(၁၈)လကြာပြီးနောက်
အစိုးရမှဇွန်လ(၂၉)ရက်နေ့တွင်အနိမ့်ဆုံးလုပ်ခနှုန်းတစ်ရက်လျှင်(၃၆၀၀)ကျပ်အဆိုပြုခဲ့ပြီးကန့်ကွက်ခွင့်ကိုရက်ပေါင်း(၁၄)ရက်ပေးခဲ့
သည်။

ရွှေပြည်သာနှင့်လှိုင်သာယာစက်မှုဇုန်ရှိအလုပ်သမားသမဂ္ဂအဖွဲ့(၂၁)ဖွဲ့တို့မှအဆိုပါငွေပမာဏကိုကန့်ကွက်ကြောင်းတင်သွင်းခဲ့ကြသည်။
အဓိကအားဖြင့်နိုင်ငံခြားသားအထည်ချုပ်စက်ရုံများမှအလုပ်ရှင်များကအနိမ့်ဆုံးလုပ်ခမြင့်မားမှုမတည်မငြိမ်ဖြစ်လိမ့်မည်ဖြစ်ပြီးစက်ရုံ
တွေမဖြစ်မနေပိတ်ပစ်ဖို့ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းအကြံပေးခဲ့သည်။

“အနိမ့်ဆုံးလုပ်ခ(၃၆၀၀)ကျပ်ကိုကျွန်တော်တို့မပေးနိုင်ပါဘူး”ဟုမြန်မာ့အထည်ချုပ်လုပ်ငန်းရှင်အသင်းဥက္ကဌဦးမြင့်စိုးကပြောခဲ့သည်။

“တကယ်လို့ဗဟိုကော်မတီကသာအနိမ့်ဆုံးလုပ်ခ(၃၆၀၀)ရာကိုပြန်လည်ပြင်ဆင်ပေးမယ်ဆိုရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့
အထည်ချုပ်စက်ရုံစီးပွားရေးကိုပြန်လည်စဉ်းစားလို့ရတာပေါ့။ကျွန်တော်တို့လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အတွက်ရေရှည်မူဝါဒချ
မှတ်ပေးဖို့အစိုးရကိုကျွန်တော်တို့တောင်းဆိုရပါမယ်။”

အနိမ့်ဆုံးလုပ်ခတိုးပေးခြင်းသည်အလုပ်ရှင်များမှအလုပ်သမားများအားအစားအစာ၊ပို့ဆောင်ရေးနှင့်အိပ်ခန်းတစ်ခန်းစသည်ဖြင့်လက်
ရှိပံ့ပိုးပေးနေသည့်ထောက်ပံ့ကြေးများကိုဖြတ်တောက်ဖွယ်ရာတွန်းအားလည်းဖြစ်သွားနိုင်သည်ဟုဦးမြင့်စိုးကပြောခဲ့သည်။

တစ်လလျှင်အခြေခံလုပ်ခကျပ်(၃)သောင်းရရှိသူအလုပ်သမားအများအပြားမှငွေကျပ်(၃၆၀၀)သည်မိသားစုတစ်စုအသာထား၊အိမ်ထောင်
ဦးစီးတစ်ဦးတစ်ယောက်တည်းနှင့်ပင်လျှင်အခြေခံဝမ်းစာအတွက်ကုန်ကျစရိတ်ကာမိရန်လုံလောက်မှုမရှိကြောင်းပြောခဲ့သည်။

ဥပဒေမှအနိမ့်ဆုံးလခသတ်မှတ်ချက်အရဒေသကြီးနှင့်ပြည်နယ်ကော်မတီသည်ကန့်ကွက်မှုများကိုရက်(၃၀)နှင့်အထက်လိုက်လံကြည့်
ရှု့စစ်ဆေးမည်ဖြစ်သည်။ထို့နောက်၎င်းတို့မှဗဟိုကော်မတီထံသို့အစီအရင်ခံမည်ဖြစ်ပြီးဗဟိုကော်မတီမှရက်(၆၀)အတွင်းအစည်းအဝေး
ပြုလုပ်မည်ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှညွှန်ကြားရေးမှူးဒေါ်မူမူဆွေမှဗဟိုကော်မတီသည်အခြားပြည်နယ်နှင့်ဒေသကြီးများမှအနိမ့်ဆုံးလုပ်ခအဆို
ပြုခဲ့ခြင်းနှင့်ပက်သက်၍ကန့်ကွက်မှုများကိုလည်းကောက်ခံနေပြီးထိုသို့ကွင်းဆင်းလေ့လာပြီးနောက်ပိုင်းတွင်ကော်မတီမှအစည်းအဝေး
ပြုလုပ်မည့်ရက်ကိုကြေငြာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ကော်မတီ၏လာမည့်အစည်းအဝေးတွင်အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်(၃၆၀၀)ကျပ်ထက်တစုံတရာလျော့နည်းပါကဆန္ဒပြမှုများတောက်
လျှောက်ဆက်ဖြစ်နေလိမ့်မည်ဖြစ်ကြောင်းမြန်မာအလုပ်သမားအားလုံးသမဂ္ဂကွန်ယက်မှဥက္ကဌဖြစ်သူဦးဌေးကပြောခဲ့သည်။

ဇူလိုင်လ(၁၂)ရက်နေ့တွင်လှိုင်သာယာရှိစက်ရုံ(၁၅)ရုံမှအလုပ်သမား(၂၀၀)ကျော်ဆန္ဒပြခဲ့ကြပြီးအနိမ့်ဆုံးလုပ်ခ(၄)ထောင်ကျပ်သတ်မှတ်
ပေးရန်တောင်းဆိုခဲ့သည်။