အစိုးရမှအပစ်ရပ်မူကြမ်းကိုကာကွယ်ရန်အတွက်တိုင်းရင်းသားအဖွဲ့ကိုခေါ်ယူတွေ့ဆုံ​

...

အစိုးရမှအပစ်ရပ်မူကြမ်းကိုကာကွယ်ရန်အတွက်တိုင်းရင်းသားအဖွဲ့ကိုခေါ်ယူတွေ့ဆုံ​

The Irrawaddy, 23 Jun 2015

URL: http://www.irrawaddy.org/burma/govt-summons-ethnic-peace-team-defends-ceasefire-draft.html
အစိုးရ၏ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်သည်လက်ရှိတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုသာစွဲကိုင်ထား
ရန်သူ၏သဘောထားကိုထုတ်ဖော်ခဲ့ခြင်းကြောင့်တနင်္လာနေ့၌မြန်မာအစိုးရနှင့်နိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းငြိမ်း
ချမ်းရေးဆွေးနွေးညှိနှိုင်းမှုများသည်အခက်အခဲများရှိခဲ့သည်။

ယခုလအစောပိုင်းတွင်မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း၊ကရင်ပြည်နယ်၌ကျင်းပပြုလုပ်ခဲ့သောတိုင်းရင်းသားခေါင်းဆောင်များ၏ညီလာခံ
နောက်ဆက်တွဲအရတိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။တနိုင်ငံလုံးဆိုင်ရာအပစ်အ
ခတ်ရပ်စဲရေးညှိနှိုင်းအသင်း(သို့) NCCT သည်အဖွဲ့သစ်အားတာဝန်လွှဲအပ်ခဲ့ပြီးအစိုးရမှဆက်ဆံရမလွယ်သူများအဖြစ်ယူဆထားခဲ့သည်။

အမည်သတ်သတ်မှတ်မှတ်မရှိသေးသည်အဖွဲ့သစ်မှမူကြမ်းရှိအချက်၁၅ချက်ကိုပြင်ဆင်ရန်နှင့်နောက်ထပ်တစ်ခုထပ်ထည့်ရန်သဘော
တူညီခဲ့သော်လည်းကာလကြာရှည်စွာစောင့်ဆိုင်းခဲ့ပြီးမှရရှိခဲ့သည့်မူကြမ်းအပေါ်လုံးဝအပြီးသတ်နေပြီဟုယုံကြည်ခဲ့ကြသည့်အစိုးရညှိနှိုင်း
သူများအကြားစိတ်ပျက်တုန်လှုပ်မှုများဖြစ်ပွားခဲ့သည်။

အစိုးရစေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူဦးအောင်မင်း၊ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်အောင်နှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်
ရီတို့သည်ရန်ကုန်ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ NCCT အဖွဲ့ဝင်များဖြစ်သည့်နိုင်ဟောင်စာ၊ကွယ်ထူးဝင်း၊ထွန်းဇော်တို့နှင့်အတူတနင်္လာ
နေ့၌အစည်းအဝေးကျင်းပခဲ့သည်။နိုင်ဟောင်စာ၏ပြောကြားချက်အရအစိုးရသည်အသစ်ဖွဲ့စည်းထားသည့်အဖွဲ့အပေါ်အသိအမှတ်မပြုခဲ့
ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ဘာလို့ကော်မတီအသစ်ဖွဲ့လဲလို့သူတို့ကကျွန်တော်တို့ကိုမေးခဲ့ပါတယ်၊ပြီးတော့သူတို့ဒါကိုမတွေး ကြည့်ခဲ့ပါဘူး”ဟုနိုင်ဟောင်
စာကအင်္ဂါနေ့ကအကျဉ်းချုပ်ပြောခဲ့သည်။အစိုးရကိုယ်စားလှယ်များသည်မှတ်ချက်များချက်ခြင်းမပေးနိုင်ခဲ့သလိုတခါးပိတ်အစည်းအဝေး
နှင့်ပက်သက်၍အများပြည်သူထံသတင်းထုတ်ပြန်မှုများမပြုလုပ်ခဲ့ပေ။

အစိုးရငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)သည်စာချုပ်မူကြမ်းကိုမပြင်ချင်ခဲ့ကြောင်း
နှင့်အစိုးရမှအသစ်ဖွဲ့စည်းလိုက်သည့်အဖွဲ့နှင့်ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်သဘောတူ၊မတူကိုစဉ်းစားချင့်ချိန်လိမ့်မည်ဖြစ်
ကြောင်းနိုင်ဟောင်စာကပြောကြားခဲ့သည်၊
နှစ်ဖက်စလုံးမှမတ်လနောက်ဆုံးပိုင်းတွင်ယာယီသဘောတူညီထားသည့်စာချုပ်ကိုတိုင်းရင်းသားအဖွဲ့မှပြင်ဆင်ဖို့တောင်းဆိုရန်အတွက်၎င်း
တို့၏အခွင့်အရေးကိုကာကွယ်ပြောဆိုခဲ့ကြသည်။၎င်းသည်မူကြမ်းတစ်ခုသာဖြစ်သည်၊ထို့ကြောင့်ပုံသေမဖြစ်သေးကြောင်းထုတ်ဖော်ပြော
ကြားကြသည်။ယခုနှစ်နိုဝင်ဘာလတွင်ကျင်းပရန်အလားအလာရှိသည့်ရွေးကောက်ပွဲမတိုင်မီUPWCs မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးစား
ပေးပြုလုပ်ရန်ပေါ်ပေါ်လွင်လွင်သတိပေးခဲ့ကြောင်းနိုင်ဟောင်စာကပြောခဲ့သည်။

“အစိုးရကကျွန်တော်တို့နိုင်ငံမှာရွေးကောက်ပွဲမကြာခင်ကျင်းပပြုလုပ်တော့မယ့်အကြောင်းပြောခဲ့ပါတယ်။ဇူလိုင်လနောက်ပိုင်းမှာဆိုရင်
တော့ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုသူတို့အပြည့်အဝအာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး”ဟုနိုင်ဟောင်စာကဆိုသည်။မြန်မာနိုင်ငံတွင်ငြိမ်း
ချမ်းရေးသည်နိုင်ငံတိုင်းရင်းသားအဖွဲ့များ၏ကြာရှည်သည့်ပန်းတိုင်တစ်ခုပင်ဖြစ်သော်လည်း၎င်းတို့မှပွင့်လင်းမြင်သာသည့်ဆက်ဆံမှု၊လုံ
ခြုံရေးအာမခံပေးနိုင်မှုနှင့်ဘယ်အချိန်မှာပဲဖြစ်ဖြစ်အဖွဲ့ပါတီအားလုံး၏အပြည့်အဝသဘောတူညီမှုစသည်တို့ကိုလိုချင်ကြသည်။

ကရင်အမျိုးသားအစည်းအရုံးမှအထွေထွေအတွင်းရေးမှူးဖြစ်သူပဒိုကွယ်ထူးဝင်းသည်အနေထားအနည်းငယ်ပျော့ပြောင်းကာကာမူကြမ်း
ကိုပြင်ဆင်ပေးရန်တောင်းဆိုခဲ့ပြီး၎င်းမှတစ်စိတ်တစ်ပိုင်းပါဝင်သည့်အဖွဲ့သစ်ကိုဖွဲ့စည်းခဲ့သည်။ အဖွဲ့သစ်သည်လူအနည်းငယ်သာပါဝင်ဖွဲ့
စည်းထားပြီးအလွယ်တကူအဆင်ပြေအောင်ဆောင်ရွက်နိုင်သည်။
“ကျွန်တော်တို့စာပုဒ်တစ်ခုလုံးပြောင်းချင်တာမဟုတ်ပါဘူး။ကျွန်တော်တို့စာချုပ်မှာစကားလုံးအနည်းငယ်ထပ်ထည့်ခဲ့တာပါ”ဟုသူကဆို
သည်။တချို့ဝေါဟာရတွေကစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတဲ့အခါရက်ပေါင်းခြောက်ဆယ်အတွင်းစတင်ပြုလုပ်သင့်တဲ့နိုင်ငံရေးဆိုင်ရာ
အချီချဆွေးနွေးမှုအဆင့်ဆင့်ပြုလုပ်တဲ့အချိန်အတောအတွင်းမရှင်းမလင်းရှုပ်ထွေးမှုတွေကိုရှောင်လွှဲဖို့အတွက်ပိုမိုအသေးစိတ်ပြုလုပ်
သင့်ပါတယ်ဟုရှင်းပြသည်။

“ကျွန်တော်တို့ NCA ကိုလက်မှတ်ရေးထိုးဖို့ဆန္ဒရှိပါတယ်”ဟုသူကသတင်းထောက်များကိုပြောခဲ့သည်။”ကျွန်တော်တို့ငြိမ်းချမ်းရေးလိုချင်
ပါတယ်။”