ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်မဟုတ်တော့

...

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်မဟုတ်တော့

Democratic Voice of Burma, 07 Sep 2014

URL: http://english.dvb.no/news/by-elections-cancelled-burma-myanmar/43928
၂၀၁၄ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမလုပ်တော့ကြောင်း၊အဘယ့်ကြောင့်ဆိုသော်မဲဆွယ်စည်းရုံးခြင်းကာလသည်၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့်လွန်စွာနီးကပ်နေသောကြောင့်ဖြစ်သည်
ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးကတနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။

ရန်ကုန်ရှိမြန်မာငြိမ်းချမ်းရေးစင်တာမှနိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့်ပြည်သူ့ခေါင်းဆောင်များကိုတစုတစည်းအကြောင်းကြားနေသည်ဟုဦးတင်အေးမှပြောခဲ့ပြီးဒီဇင်ဘာလမတိုင်မီ
ကျင်ပရန်ရှိသည့်ကြားဖြတ်ရွေးကောက်ပွဲများသည်အကြောင်းချက်(၂)ချက်ကြောင့်မလုပ်ဖြစ်တော့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်ပထမအချက်မှာအထွေထွေရွေးကောက်ပွဲကိုနောင်နှစ်
တွင်ပြုလုပ်မည်ဖြစ်သောကြောင့်ရွေးကောက်ပွဲကြီးတွင်နိုင်ငံရေးပါတီအများအပြားသည်ကြားဖြတ်ရွေးကောက်ပွဲတွင်တစ်ကြိမ်စည်းရုံးရေးဆင်းရမည်ဖြစ်ပြီးအထွေထွေရွေးကောက်ပွဲကြီးမ
တိုင်မီလည်းထပ်မံစည်းရုံးရေးဆင်းရမည်ဖြစ်သောကြောင့်၎င်းတို့အားနှစ်ကြိမ်အချိန်ကုန်ငွေပန်းမဖြစ်စေရန်အတွက်ဖြစ်ပြီးဒုတိယအချက်မှာတစ်ပါတီကမဲဆန္ဒနယ်အားလုံးကိုအနိုင်ရသည်
ဖြစ်စေ၊(သို့မဟုတ်)အများစုကိုအနိုင်ရသည်ဖြစ်စေ၎င်းသည်လွှတ်တော်အပေါ်တွင်သက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

အထက်လွှတ်တော်နှင့်အောက်လွှတ်တော်တွင်လစ်လပ်နေသောမဲဆန္ဒနယ်စုစုပေါင်း(၃၅)နေရာရှိပြီးပြည်နယ်နှင့်တိုင်းလွှတ်တော်များတွင်လည်းမဲဆန္ဒနယ်လစ်လပ်နေရာများရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှနိုင်ငံသည်အလွန်အလုပ်များနေသည်ဟုသူထင်မိကြောင်း၊၂၀၁၅အထွေထွေရွေးကောက်ပွဲအကြိုကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့တွေးတောရန် အတွက်လစ်လပ်နေရာများလည်းနည်းပါးနေသေးသည်ဟုသူထင်မြင်မိကြောင်း၂၀၁၃ခုနှစ်၊အောက်တိုဘာလတွင်ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့်SEA Gamesအတွက်နိုင်ငံသည်ကြိုတင်ပြင်ဆင်နေရပြီးအာဆီယမ်ထိပ်သီးညီလာခံတွင်လည်းသဘာပတိမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သောကြောင့်ဖြစ်
သည်ဟု၎င်းမှပြောခဲ့သည်။

ယဉ်ပြိုင်ရာလစ်​လပ်​နေရာ၁၅နေရာရှိသည်ဟု၎င်းမှပြောကြားခဲ့သည်။

မတ်လ၌ဒီဗွီဘီသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင်ဦးတင်အေးမှနောက်လာမည့်အထွေထွေရွေးကောက်ပွဲကို၂၀၁၅နိုဝင်ဘလ(သို့မဟုတ်)ဒီဇင်ဘာလတွင်ကျင်းပမည်ဖြစ်ကြောင်းပြောကြားခဲ့
သည်။

ပြီးခဲ့သောလ၌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှညွှန်ကြားရေးမှူးဦးသောင်းလှိုင်က​၂၀၁၂ခုနှစ်ပြင်ဆင်ဖြည့်ဖြည့်စွက်ထားသောနိုင်ငံရေးပါတီဥပဒေအရအကယ်၍နိုင်ငံရေးပါ
တီများသည်လာမည့်ရွေးကောက်ပွဲတွင်အနည်းဆုံးမဲဆန္ဒနယ်​(၃)နယ်ဝင်ရောက်ယဉ်ပြိုင်ခြင်းမပြုပါတီဖျက်သိမ်းခံရနိုင်ကြောင်းပြောခဲ့သည်။