နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ၌UWSA၊ NDAAတက်ရာက်မည်

...

နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ၌UWSA၊ NDAAတက်ရာက်မည်

RFA, 29 Aug 2014

URL: http://www.rfa.org/english/news/myanmar/cease-fire-08292014165117.html
မြန်မာနိုင်ငံမြောက်ပိုင်းတွင်အခြေစိုက်ထားသည့်UWSA“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းအခြေစိုက်NDAAမိုင်းလား(ခေါ်)အမျိုးသားဒီမိုကရေစီမဟာ
မိတ်တပ်ဖွဲ့တို့သည်အနာဂတ်တွင်ပြုလုပ်မည့်နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ကြမည်ဖြစ်သည်။

ထိုကိစ္စနှင့်ပက်သက်၍NDAAမိုင်းလားအဖွဲ့ဒုတိယစစ်ဦးစီးချုပ်ဦးခမ်းမောင်ကRFAသို့ယခုလိုပြောခဲ့သည်။

“ကျွန်တော်တို့ကလက်မှတ်ထိုးဖို့ကြတော့ကျွန်တော်တို့ကထိုးပြီးသားလေ၊ဒီနေ့လက်မှတ်လည်းထိုးပြီ၊ပြည်ထောင်စုအဆင့်နဲ့လည်းထိုးပြီ၊နောက်ကျမှနိုင်ငံရေးဆွေးနွေးပွဲတွေမှာကျွန်တော်တို့
ကပါဝင်ထိုးမယ်UNFCညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ရဲ့ဆွေးနွေးမှုတွေကိုလည်းသူတို့အနေနဲ့ထောက်ခံတယ်လို့”ဦး
ခမ်းမောင်ကပြောသည်။

“NCCTနဲ့UPWCဆွေးနွေးတဲ့ဟာလည်းကျွန်တော်တို့ထောက်ခံပါတယ်၊ဒီငြိမ်းချမ်းရေးအတွက်လုပ်ကြတယ်၊အဲ့ဒါကိုလည်းကျွန်တော်တို့ကထောက်ခံတယ်လေ။သူတို့ကတင်ပြတာကျွန်
တော်တို့လည်းမပါဘူး၊ကျွန်တော်တို့ကသိပ်မသိဘူးပေါ့၊သူတို့ဆွေးနွေးတဲ့ဟာသူတို့ဆွေးနွေးပေါ့။UPWCနဲ့NCCTသူတို့သဘောတူပြီးတော့ထိုးမယ်၊နောက်ဆုံးကျမှတပြည်လုံးအတိုင်းအ တာနဲ့ထိုးမယ်ဆိုရင်အဲ့ဒီကျမှကျွန်တော်တို့ကပါလာမှာပဲလေ၊ကျန်တဲ့ဟာတွေလည်းကျွန်တော်တို့ကပါဖို့မလိုပါဘူး။”

UWSAဗဟိုကော်မတီဝင်ဦးကျောက်ကော်အန်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့၊SSA/SSPPဒုဥက္ကဌဦးစဝ်ခေးတိုင်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့NDAAမိုင်းလားအဖွဲ့ဒုဥက္ကဌဦးစံ
ပေ့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့သည်ပြီးခဲ့သည့်ရက်၌အစိုးရထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့သမ္မတဦးသိန်းစိန်၊ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ပြည်သူလွှတ်တော်
ဥက္ကဌဦးရွှေမန်း၊အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်တို့နှင့်ပြီးခဲ့သည့်သြဂုတ်လ(၂၅)ရက်နေ့နှင့်(၂၆)ရက်နေ့တို့တွင်သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံပွဲတွင်တိုင်းရင်းသားတို့၏လိုလားချက်တွေကိုအကောင်အထည်ဖော်ဆောင်​နိုင်ရန်၊အခြေခံဥပဒေကိုအတားအဆီးဖြစ်နေသည့်အချက်တွေကိုပြင်ဆင်ရန်စသည်တို့ကိုဆောင်ရွက်မှာ
ဖြစ်သည့်အကြောင်းအစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်ထည့်သွင်းဆွေးနွေးကြကြောင်းသိရှိရသည်။

ယနေ့သြဂုတ်လ(၂၈)ရက်နေ့မနက်ပိုင်းတွင်UWSAနှင့်NDAAအဖွဲ့တို့ပူးပေါင်းပြီးရန်ကုန်မြို့အလုံလမ်းရှိYangon International Hotel ၌သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး၎င်းတို့
အဖွဲ့တွေလက်ရှိဆောင်ရွက်နေသည့်မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေအကြောင်း၊ဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်းပြောဆိုရှင်းလင်းခဲ့သည်။