ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံရေးအင်အားစုများထုတ်ပြန်ကြေငြာ

...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံရေးအင်အားစုများထုတ်ပြန်ကြေငြာ

Eleven Media, 02 Sep 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7399:nld-ethnic-groups-pledge-united-effort-to-forge-federal-union&catid=32:
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့များပေါ်ပေါက်ရေးနှင့်ဒီမိုကရက်​တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်​ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုသြဂုတ်လ(၂၉)ရက်နေ့နှင့်
(၃၀)ရက်နေ့ကမြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင်ပြုလုပ်ခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊ဒီမိုကရေစီအင်အားစုများ၊အမျိုးသမီးများနှင့်လူငယ်အင်အား စုများတွေ့ဆုံဆွေးနွေးပွဲမှထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်အင်အားစုအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲကြီးပေါ်ပေါက်လာရေးအပါအဝင်လက်
ရှိနိုင်ငံရေးခြေ​အနေအရပ်ရပ်တို့အပေါ်တွင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လက်ရှိကာလသည်ပြည်သူအားလုံးလိုလားတောင့်တလျက်ရှိသောအမျိုးသားပြန်လည်သင့်မြတ်ရေး၊ဒီမိုကရေစီရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးတို့အတွက်တရားမျှတမှု၊တန်းတူ
ညီမျှမှုနှင့်ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံ၍တွေ့ဆုံဆွေးနွေးအဖြေရှာသွားရန်လိုအပ်လျက်ရှိသည်ဟုရှုမြင်သုံးသပ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့စုပေါင်းဖွဲ့စည်းထားသည့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၊တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့်ဖွဲ့
စည်းထားသောညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU)၊၈၈မျိုးဆက်ငြိမ်း
ချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီ၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊မြန်မာနိုင်ငံကျောင်းသားနှင့်လူငယ်များကွန်ယက်နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့်ALP၊DKBA၊KNU/KNLA(ငြိမ်းချမ်းရေးကောင်စီ)၊AA၊ ABSDFတို့မှကိုယ်စားလှယ်(၁၁၃)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်ပြည်တွင်းနိုင်ငံရေးအင်အားစုများသည်UNFCနှင့်ပြီးခဲ့သည့်ဇူလိုင်လဆန်းကပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီးနောင်တွင်လည်းဆက်
လက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။