ကေအဲန်ယူခေါင်းဆောင်များတိုင်းရင်းသားညီလာခံမှထွက်ခွာ

...

ကေအဲန်ယူခေါင်းဆောင်များတိုင်းရင်းသားညီလာခံမှထွက်ခွာ

Mizzima News, 01 Sep 2014

URL: http://www.mizzima.com/mizzima-news/ethnic-issues/item/12376-karen-national-union-leave-armed-ethnic-group-talks-early
ချင်းမိုင်မြို့၌သြဂုတ်လ(၂၅)ရက်နေ့တွင်စတင်ကျင်းပခဲ့သည့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနှင့်ပြုလုပ်နေသောအစည်းအတွင်းမှကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်
များနှုတ်ထွက်သွားခဲ့ပြီးအစီအစဉ်အတိုင်းစက်တင်ဘလ(၁)ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်သည်။

ယူအမ်အက်ဖ်စီတပ်ပေါင်းစုနဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့ကေအဲန်ယူအဖွဲ့အတွင်းဆွေးနွေးစရာရှိကြောင်းေပြာပြီးကျင်းပနေတဲ့ညီလာခံဆွေးနွေးပွဲကနေကရင်တိုင်းရင်းသားခေါင်းဆောင်(၅)
ဦးထွက်ခွာသွားခဲ့ကြသည်။

UNFCပြန်လည်ဖွဲ့စည်းရာတွင်ဖွဲ့စည်းပုံအခြေအနေအပေါ်သဘောမတူညီမှုများရှိလာပြီးနောက်ပိုင်းထိုနေ့အစောပိုင်းမှာညီလာခံမှKNUထွက်ခွာသွားခဲ့သည်ဟုUNFC၏အထွေထွေအတွင်း
ရေးမှူးနိုင်ဟံသာမှမိဇ္စျိမသို့ပြောခဲ့သည်။

အဖွဲ့ဖွဲ့စည်းပုံကိုတစ်ဦးထဲဦးဆောင်ရတာထက်စုပေါင်းလုပ်ဆောင်တာဖြစ်စေချင်ကြောင်း၎င်းတို့မှအကြံပေးခဲ့သည်ဟုနိုင်ဟံသာမှပြောခဲ့သည်။

ဖွဲ့စည်းပုံအခြေခံမူ၊ဖွဲ့စည်းမှုပုံသဏ္ဍန်နဲ့ပက်သက်ပြီးသဘောမတူတာတွေရှိတာ​ကြောင့်KNUသည်ညီလာခံမှထွက်ခွာသွားခြင်းဖြစ်ပြီး၎င်းတို့၏ဗဟိုကော်မတီနှင့်နောက်ထပ်အဆင့်ဆင့်လုပ်ဆောင်
မှုများနှင့်စပ်လျဉ်း၍ဆွေးနွေးကြမှာပါဟုနိုင်ဟံသာမှပြောကြားခဲ့သည်။

“သူတို့ကဥက္ကဌစနစ်ကိုမဖွဲ့စည်းဖို့အကြံပေးခဲ့ပါတယ်၊ဒါပေမယ့်နိုင်ငံရေးပိုင်းကိုဦးဆောင်ရမယ့်အဖွဲ့ကိုဖွဲ့စည်းဖို့ပြောခဲ့ပါတယ်”ဟုနိုင်ဟံသာမှထပ်ပေါင်းပြောခဲ့သည်။