အစိုးရမှဧရာဝတီမြစ်ဆုံ​ပေါ်ရှိဆည်သုံးဆည်ကိုဆက်လက်လုပ်ဆောင်နေ

...

အစိုးရမှဧရာဝတီမြစ်ဆုံ​ပေါ်ရှိဆည်သုံးဆည်ကိုဆက်လက်လုပ်ဆောင်နေ

Irrawaddy News, 20 Jun 2014

URL: http://www.irrawaddy.org/burma/govt-pushes-ahead-3-salween-irrawaddy-tributary-dams.html
မြန်မာအစိုးရမှသံ​လွင်​မြစ်ပေါ်ရှိကြီးမားသည့်ဟိုက်ဒရိုပါဝါဆည်နှင့်ဧရာဝတီမြစ်လက်တက်များပေါ်ရှိဆည်နှစ်ဆည်တို့ကိုတည်ဆောက်ခြင်းကိုဆက်လက်လုပ်ဆောင်နေသည်ဟုအဆင့်မြင့်
အရာရှိများမှလွှတ်တော်ထံ​သို့​မှတ်ချက်ပေးခဲ့ပြီးဧရာဝတီသတင်းစာနှင့်တွေ့ဆုံမေးမြန်းရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရမှနိုင်ငံတကာအတိုင်ပင်ခံပုဂ္ဂိုလ်များဖြစ်သည့်တတိယအဆင့်ရှိသူများကိုသံ​လွင်​မြစ်ပေါ်တွင်စီစဉ်ထား​သည့်​ဆည်(၆)ဆည်နှင့်ပက်သက်သောပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူမှုဘဝထိခိုက်
မှုများကိုလေ့လာရန်အတွက်တာဝန်အပ်နှံမည်ဖြစ်သည်ဟု၎င်းတို့မှပြောခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိသံ​လွင်​မြစ်ပေါ်​ရှိ​ကွန်လောင်ဆည်နှင့်ကချင်ပြည်နယ်မြောက်ပိုင်းဧရာဝတီမြစ်လက်တက်အထက်များပေါ်ရှိချီဘွဲနှင့်လိုင်ဇာဆည်တို့ကိုတည်ဆောက်နေကြောင်း
လျှပ်စစ်ဒုတိယဝန်ကြီးဦးမော်သာထွေးမှပါလီမန်သို့ဗုဒ္ဓဟူးနေ့တွင်ပြောခဲ့သည်။

နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသောသူများနှင့်စီးပွားရေးပူးတွဲလုပ်ဆောင်ရန်သဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးချီဘွဲ၊လိုင်ဇာနှင့်ကွန်လောင်စီမံကိန်းတို့ကိုအကောင်အထည်ဖော်ဆောင်
ရွက်နေပြီဖြစ်ကြောင်းဦးမော်သာထွေးမှပြောကြားခဲ့သည်ဟုပြည်တွင်းကြေးမုံသတင်းစာတွင်ဖော်ပြချက်အရသိရသည်။

အထက်သံ​လွင်​မြစ်ရေ​ကာ​တာ​အမည်ခေါ်ဆိုသောကွန်လောင်ဆည်သည်၉၀ရာခိုင်နှုန်း၁၄,၀၀မီဂါဝပ်(MW)စွမ်းရှိပြီးအိမ်နီးနားချင်းတရုတ်နိုင်ငံသို့တင်ပို့မည်ဖြစ်သည်။

“ဒီစီမံကိန်း(၃)ခုကိုအကောင်အထည်ဖော်ခြင်းအားဖြင့်ပြည်နယ်ကနှစ်စဉ်အခွန်ယူအက်စ်ဒေါ်လာ(၃၆၇)မီလီယမ်ရရှိမှာဖြစ်ပြီးနိုင်ငံတွင်းမှာကျွန်တော်တို့(၂,၆၂၀)မီဂါဝပ်ကိုအသုံးပြုရရှိနိုင်မှာ
ဖြစ်ပါတယ်။ဒီစီမံကိန်းသုံးခုကိုပြီးစီးဖို့အတွက်အချိန်(၇)နှစ်နီးပါးကြာမှာပါ၊ဒီလျှပ်စစ်မီးကို(၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်မှာရရှိနိုင်ပါလိမ့်မယ်”ဟုလျှပ်စစ်ဒုဝန်ကြီးမှလွှတ်တော်သို့ပြောဆိုခဲ့
သည်။

လက်ရှိတွင်မြန်မာသည်နှစ်စဉ်လျှပ်​စစ်​စွမ်းရည်(၄,၃၆၂)ကိုထုတ်လုပ်နေပြီးတောင်း​ဆို​ချက်​(၁၃)ရာခိုင်နှုန်းအရနှစ်စဉ်စွမ်းရည်တိုးထုတ်လုပ်သွားမည်ကိုမြင်တွေ့ကြရမည်ဖြစ်ပြီး၎င်းတို့ထဲမှ
တချို့ကိုဟိုက်ဒရိုဆည်မှပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု၎င်းမှထပ်လောင်းပြောကြားခဲ့သည်။