အစိုးရမှမြန်မာနိုင်ငံတွင်နိုင်ငံခြားကုမ္ပဏီ(၇၀၇)ခုကိုအလုပ်လုပ်ကိုင်ရန်ခွင့်ပြု

...

အစိုးရမှမြန်မာနိုင်ငံတွင်နိုင်ငံခြားကုမ္ပဏီ(၇၀၇)ခုကိုအလုပ်လုပ်ကိုင်ရန်ခွင့်ပြု

Eleven Media, 22 May 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6182:govt-allows-707-foreign-firms-to-operate-in-myanmar&catid=33:business&I
နိုင်ငံခြားကုမ္ပဏီများမှမြန်မာနိုင်ငံထဲသို့လှိမ့်ဝင်ရောက်လာကြပြီးရင်းနှီးမြှုပ်နှံမှုဒါရိုက်တာလူကြီးအဖွဲ့နှင့်ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့များ၏အဆိုအရ၂၀၁၄၊ဧပြီလကုန်ပိုင်းမှတဆင့်နိုင်ငံတွင်စီးပွား ရေးလုပ်ကိုင်ရန်နိုင်ငံခြားကုမ္ပဏီ(၇၀၇)ခုကိုခွင့်ပြုခဲ့သည်။ခန့်မှန်းခြေအားဖြင့်၎င်းတို့ထဲမှစင်္ကာပူအခြေစိုက်ကုမ္ပဏီ(၁၁၆)ခုသည်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံသို့ရင်းနှီးမြှုပ်နှံသောကုမ္ပဏီများတွင်တရုတ်၊ထိုင်း၊ဟောင်ကောင်၊စင်္ကာပူ၊ယူကေ၊တောင်ကိုရီးယား၊မလေးရှား၊ဗီယက်နမ်၊ပြင်သစ်၊ဂျပန်၊အိန္ဒိယ၊နယ်သာလန်၊ယူကေ၊အင်ဒိုနီးရှား၊ဖိ
လစ်ပိုင်၊သြစတြေးလျ၊ပနားမား၊ယူအေအီး၊ကနေဒါ၊ဂျာမနီ၊ဆွီဒင်နှင့်ဒိန်းမတ်တို့ပါဝင်သည်။နောက်ဆုံးသတင်းအရဤကာလတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည်ယူအက်စ်ဒေါ်လာ၄၆ဘီ လီယမ်ထိကျော်လွန်ခဲ့ကြောင်းသိရသည်။

စင်္ကာပူကုမ္ပဏီများမှအများဆုံးလုပ်ကိုင်နေသော်လည်း၎င်းတို့၏ငွေလုံးငွေရင်းသည်တရုတ်ထက်နည်းသည်။နိုင်ငံ၃၆နိုင်ငံမှရင်းနှီးမြှုပ်နှံသူများတွင်တရုတ်ကပထမအဆင့်ရှိပြီးထိုင်းမှနောက်က
လိုက်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်အဓိကအားဖြင့်လောင်စာ၊ရေနံနှင့်သဘာဝဓာတ်ငွေ့၊လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း၊တွင်းထွက်ပစ္စည်းထုတ်ယူခြင်း၊ဟိုတယ်နှင့်ခရီးသွားလာခြင်း၊သယ်ယူပို့ ဆောင်ရေးနှင့်ကြေးနန်းဆက်သွယ်ရေး၊အိမ်ရာ၊ခြံမွေးတိစ္ဆာန်နှင့်အင်းများ၊စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးကဏ္ဍများစသည်တို့ဖြစ်သည်။

ထို့ပြင်နှစ်၏ပထမလေးလကိုကျော်လွန်ပြီးနောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၌သယ်ယူပို့ဆောင်ရေးနှင့်တယ်လီဖုန်းဆက်သွယ်ရေးဏ္ဍများတွင်ယူအက်စ်ဒေါ်လာ(၁၁၀၀)မီလီယမ်ထက်မနည်းရှိခဲ့
သည်။ပြည်တွင်းနိုင်ငံသားများအတွက်အလုပ်အကိုင်များပံ့ပိုးပေးရန်ဖြစ်သည့်အခြေခံရည်ရွယ်ချက်နှင့်အတူနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုရင်း နှီးမြှုပ်နှံမှုဥပဒေနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေတို့ဖြင့်ကြည့်ရှု့စစ်ဆေးသည်။