အစိုး​ရနှင့်တိုင်းရင်းသားအုပ်စုများကွာ​ခြား​ချက်​များမ​ရှိ​တော့​သည့်​ရှေ့​ဆက်တိုးမည့်ချည်းကပ်မှုအသစ်များ

...

အစိုး​ရနှင့်တိုင်းရင်းသားအုပ်စုများကွာ​ခြား​ချက်​များမ​ရှိ​တော့​သည့်​ရှေ့​ဆက်တိုးမည့်ချည်းကပ်မှုအသစ်များ

Irrawaddy News, 20 Mar 2014

URL: http://www.irrawaddy.org/burma/govt-army-ethnic-groups-closing-differences-forging-new-approach.html
ပြီးခဲ့သောတပတ်အစောပိုင်းတွင်မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်နှစ်ဖက်စလုံးမှရှေ့ဖြစ်ရေးဆွဲထားသောအပစ်အခတ်ရပ်စဲ​ ရေးမူကြမ်းအရတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်ပူးတွဲမူကြမ်းတစောင်ကိုကြိုးစားပြုလုပ်ရန်သဘောတူညီခဲ့ကြသည်။

တိုင်းရင်းသားအဖွဲ့များ၏အဆိုပြုချက်ကိုကူညီပေးခဲ့သောချင်းအမျိုးသားရှေ့ဦးကိုယ်စားလှယ် Lian Hmong Sakhong ၏​ပြောကြားချက်အရအထူး သဖြင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ၌ဤလုပ်နည်းကိုင်နည်းအသစ်များသည်ကာလကြာရှည်စွာစောင့်ဆိုင်းရခြင်းကိုထိုးဖောက်ကျော်လွှားရန်
အတွက်ရှေ့ဆောင်လမ်းပြနိုင်မည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်စစ်တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များသည်ယခုအခါတိုက်ရိုက်ပါဝင်လာခဲ့ပြီဖြစ်သည်။

စစ်တပ်သည်ယခင်ကဆွေးနွေးမှုများတွင်နီးကပ်စွာလိုက်ပါဆွေးနွေးခဲ့သည်၊သို့သော်လည်းထိပ်ပိုင်းတပ်မှူးများနှင့်ပြီးခဲ့သောတပတ်အထိတိုက်ရိုက်ဆွေး
နွေးခြင်းများမရှိခဲ့ပါဘူးဟုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆အဖွဲ့ကိုကိုယ်စားပြုခြင်းခံရသည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ညှိနှိုင်းရေးအဖွဲ့(NCCT)
၏ဦးဆောင်အဖွဲ့ဝင်Sakhong မှပြောကြားခဲ့သည်။

“အနည်းဆုံးဗိုလ်ချုပ်ကြီးငါးဦး၊ဗိုလ်မှူးကြီးများနဲ့ဗိုလ်မှူးချုပ်များ၏အရေအတွက်တော်တော်များပါဝင်ခဲ့ကြပြီးဒါဟာငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအား
ပေးမှုဖြစ်စေခဲ့ပါတယ်”ဟု၎င်းမှပြောခဲ့သည်။တပ်မတော်မှငြိမ်းချမ်းရေးအတွက်လုံးဝဥဿုံပါဝင်ခဲ့ပြီးတတ်နိုင်လျှင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ ရေးကိုသြဂုတ်(၁)ရက်နေ့နောက်အကျဆုံးထားပြီးလက်မှတ်ရေးထိုးချင်ကြတယ်လို့ကျွန်တော်တို့ပြောခဲ့ကြတယ်။”

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသည်နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးခြင်းများ၏နောက်ဆက်တွဲဖြစ်လာလိမ့်မည်ဖြစ်ပြီးတိုင်းရင်းသားအဖွဲ့များ
၏နိုင်ငံရေးဆိုင်ရာရေရှည်တောင်းဆိုမှုများကိုရင်ဆိုင် ဖြေရှင်းရန်အတွက်ဖြစ်သည်။

အစိုးရအဖွဲ့နှင့်စစ်တပ်တပ်မှူးများမှNCCTအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကိုလေ့လာရန်လိုလားမှုတိုးလာသည်ကိုထုတ်ဖော်ပြသည့်အတွက်ကြောင့်ပူးတွဲ
ကော်မတီသစ်ချည်းကပ်မှုများသည်ထူးခြားသောပြောင်းလဲမှုများပြုလုပ်လိမ့်မည်ဟုSakhonမှယုံကြည်ခဲ့သည်။“သူတို့ဟာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးစာချုပ်နဲ့နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးခြင်းမှာတကယ်ကိုပဲပါဝင်လာတယ်ဆိုတာကိုကျွန်တော်ခံစားမိပါတယ်”ဟု၎င်းမှပြောကြားခဲ့သည်။

NCCT၏အပစ်အခတ်ရပ်စဲရေးမူကြမ်းစာမျက်နှာအရွက်၃၀တွင်အဓိကအခြေအနေတင်ပြမှုများထဲမှတခုသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရေးလက်မှတ်
ရေးထိုးပြီးနောက်ရက်(၉၀)အချိန်အတွင်းနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများကိုစတင်မည်ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများပြုလုပ်ချိန်အတောအတွင်းနယ်ပယ်ထဲတွင်တိုက်ပွဲများပြန်လည်ပေါ်ပေါက်မှုကိုတားဆီးရန်စစ်တပ်နှင့်တော်လှန်သူများ
အတွက်ကျင့်ဝတ်စည်းမျဉ်းများပြုလုပ်ရန်ကိုလည်းမရမကတောင်းဆိုမည်ဖြစ်သည်။

ငြိမ်းချမ်ရေးဆောင်ရွက်မှုများအတွက်တည်ဆောက်ထားသောဖြစ်လာမည်ဖြစ်ပြီးအစိုးရနှင့်၎င်းတို့စေ့စပ်ဆွေးနွေးခြင်းများပြုလုပ်စဉ်တွင်အမျိုးမျိုးသောတိုင်း
ရင်းသားလူနည်းစုများအားထောက်ပံ့ကူညီပေးမည့်လေ့လာရေးစင်တာနှင့်အထွေထွေကိုလေ့လာနိုင်သည့်ပြည်ထောင်စုသိပ္ပံကိုထိုင်းနိုင်ငံချင်းမိုင်တွင်တည်
ဆောက်ခြင်းသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအကူအညီပေးမည့်မကြာသေးမီကရရှိလာသည့်တိုးတက်မှုပင်ဖြစ်သည်၊နော်ဝေးနှင့်ဆွီဒင်နိုင်ငံသည်ဌာန
သစ်အတွက်ငွေကြေးထောက်ပံ့ရန်ကတိပြုခဲ့သည်။