အစိုးရမှရိုးသားမှုကိုပြသင့်ကြောင်း-(KNLA စစ်ဦးစီးမှူးမှပြောကြားခြင်း)

...

အစိုးရမှရိုးသားမှုကိုပြသင့်ကြောင်း-(KNLA စစ်ဦးစီးမှူးမှပြောကြားခြင်း)

mizzima, 10 Mar 2014

URL: http://www.bnionline.net/index.php/news/mizzima/16801-government-should-prove-its-sincerity-says-knla-com
အစိုးရမှကရင်အမျိုးသားအစည်းအရုံးနှင့်ငြိမ်းချမ်းရေးကိုလိုလားလျှင်၎င်းတို့၏ရိုးသားမှုကိုသက်သေပြသင့်ကြောင်းကိုစစ်တပ်တောင်ပံစစ်ဦးစီးကွပ်ကဲမှူးမှ
ယခုလအစောပိုင်းတွင်ပြောကြားလိုက်သည်။

အစိုးရအနေနဲ့တကယ်ပဲငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုရင်သူတို့လက်တွေ့လုပ်ဆောင်ပြသင့်ပါတယ်ဟုမတ်လ၄ရက်နေ့၊ကရင်ပြည်နယ်မြောက်ဘက်၊ဖားပွန်
ခရိုင်ရှိကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင်တပ်မဟာ၅ဗိုလ်မှူးစောကလယ်ဒို့မှမဇ္စျိမသို့အင်တာဗျူးတွင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့တဖက်နဲ့တဖက်ယုံကြည်သင့်တယ်တယ်လို့အစိုးရဘက်ကလည်းယူဆမှာပါပဲဒါပေမယ့်သူတို့ဟာကျွန်တော်တို့ယုံကြည်မှုနဲ့ထိုက်တန်အောင်သက်
သေပြသင့်ပါတယ်”ဟုဗိုလ်မှူး စောကလယ်ဒို့မှမတ်လ(၁၀)ရက်နေ့တွင်ထုတ်ဝေသောမိဇ္စျမသတင်းအင်တာဗျူးတွင်ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒါပေမယ့်ကျွန်တော်တို့ယုံကြည်မှုနဲ့ထိုက်တန်အောင်သူတို့ဘက်ကသက်သေပြဖို့လိုပါတယ်၊ကျွန်တော်တို့ငြိမ်းချမ်းရေးဆွေးနွေးမှုများပြု လုပ်တဲ့အချိန်အတွင်း
တောင်းဆိုထားတာတွေကိုသူတို့ဘက်ကလိုက်နာမှုမရှိခဲ့ပါဘူး”ဟု၎င်းမှပြောဆိုလိုက်သည်။

တပ်မဟာ(၅)နယ်မြေတွင်တပ်မတော်မှနေရာရှစ်ဆယ်ထက်မနည်းနေရာယူထားပါတယ်ဟုဗိုလ်မှူးစောကလယ်ဒို့မှပြောဆိုခဲ့သည်။
“၎င်းတို့အနက်မှခုနစ်ခုကိုရုတ်သိမ်းပေးဖို့ကျွန်တော်တို့တောင်းဆိုထားပါတယ်၊ဒါပေမယ့်သူတို့ဘယ်တော့မှရုပ်သိမ်းမပေးပါဘူး”ဟု၎င်းမှပြောကြားခဲ့သည်။
“လက်ရှိရှိတာထက်တောင်သူတို့ကတိုးချဲ့လာပါတယ်သူတို့ဒီလိုသာလုပ်နေမယ်ဆိုရင်ကျွန်တော်တို့သူတို့ကိုဘယ်လိုလုပ်ပြီးယုံကြည်လို့ရတော့မလဲ"ဟုဗိုလ်မှူး​မှ
ပြောဆိုလိုက်ကာတပ်မတော်မှကေအဲန်ယူအပေါ်ယုံကြည်မှုထားတယ်ဆိုတာကို၎င်းမှသံသယဖြစ်မိတယ်ဟုဝန်ခံလိုက်သည်။

“အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုပြုရာမှာကျွန်တော်တို့သဘောတူညီမှုတွေရပြီးပါပြီဒါပေမယ့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ရှိပါသေး
တယ်ပြီးတော့ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေးရမလားမရဘူးလားဆိုတာမသေချာပါဘူး”“နှစ်ဘက်စလုံးမှရိုးသားမှုကိုပြမှသာလျှင်ကျွန်တော်တို့ဆွေးနွေးမှုလမ်း
ကြောင်းကနေငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ကိုရရှိနိုင်မယ်”

၂၀၁၃ခုနှစ်စက်တင်ဘာ(၃)ရက်နေ့တွင်ကရင်ပြည်နယ်ဘားအံမြို့တွင်ပြုလုပ်သောဆွေးနွေးပွဲ၌ကေအဲန်ယူမှအပစ်အခတ်ရပ်စဲရေးအတွက်ကျင့်ဝတ်စည်းမျ​ဉ်းစည်း​
ကမ်းများကိုအစိုးရဆီသို့တင်ပြခဲ့သည်ဟုဗိုလ်မှူးစောကလယ်ဒို့မှပြောကြားခဲ့သည်။

“ဒါပေမယ့်သူတို့သဘောတူညီခဲ့တဲ့ဒီကျင့်ဝတ်စည်းကမ်းတွေကိုအတည်ပြုဖို့နဲ့ဆွေးနွေးဖို့ကျတော့သူတို့ဘယ်တော့မှမလုပ်ခဲ့ပါဘူး”ဟု၎င်းမှပြောကြားခဲ့သည်။
၁၉၄၉ခုနှစ်တွင်ကေအဲန်ယူမှအစိုးရကိုစီးပွားရေးအကြောင်းပြချက်အတွက်ဖြင့်စတင်ဆန့်ကျင်ပုန်ကန်ခဲ့တာမဟုတ်ကြောင်းဗိုလ်မှူးစောကလယ်ဒို့မှပြောကြား
ခဲ့သည်။

“တန်းတူညီတူရှိမှုနဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိဖို့ကကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါပဲကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်ကိုရောက်တဲ့တိုင်အောင်အစိုးရကိုကရင်ပြည်
နယ်မှာစီးပွားရေးဆိုင်ရာချဲ့တွင်မှုတွေလုပ်ဖို့ခွင့်ပြုမှာမဟုတ်ပါဘူး”ဟု၎င်းမှပြောကြားခဲ့သည်။
“ကျွန်တော်တို့တောင်းဆိုထားတဲ့အမှန်တရားကိုရရှိမှသာကေအဲန်ယူဟာဒေသအတွင်းစီပွားရေးဖွံဖြိုးတိုးတက်အောင်ပြည့်ပြည့်ဝဝလက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိမှာပါ”