အစိုးရမှအုပ်စု(၁၆)ဖွဲ့များနှင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်ဖြစ်သည်

...

အစိုးရမှအုပ်စု(၁၆)ဖွဲ့များနှင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်ဖြစ်သည်

Shan Herald News for Agency, 31 Jan 2014

URL: http://www.bnionline.net/index.php/news/shan/16697-government-to-sign-ceasefire-with-16-groups.html
ြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး​ကော်မတီ(UPWC)၏ဒုတယိယဥက္ကဌဖြစ်သောဦးအောင်မင်းနှင့်သမ္မတရုံး၏ဝန်ကြီးတို့မှမနေ့ကထုတ်ပြန်ချက်များအရ (၁၆)အုပ်စုပါဝင်သောနိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီမှုစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးရန်အတွက်ဖိတ်ကြားထားသောတိုင်းရင်းသား
လက်နက်ကိုင်အုပ်စုများစာရင်းကိုနေပြည်တော်တွင်ပိတ်လိုက်ပြီဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ဆောင်မှုများမှကျန်ရှိနေသေးသောအုပ်စုများကိုကျွနုပ်တို့ထားခဲ့သင့်တယ်လို့မဆိုလိုပါဘူး”“နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်သည့်အချိန်အတွင်းမှာသူတို့ကိုပါဝင်လာစေရန်
အတွက်ဖိတ်ကြားမှာဖြစ်ပါတယ်”ဟု၎င်းမှပြောကြားခဲ့သည်။
အစိုးရမှ၎င်းတို့ကိုယ်တိုင်ထပ်ဆင့်လက်မှတ်ရေးထိုးရန်အတွက်သဘောတူညီမှုလက်မှတ်ရေးထိုးသူ(၁၆)ဦးဟုအမည်ပေးလိမ့်မည်ဖြစ်ကြောင်း၎င်းမှဖြည့်စွက်ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ခွန်ထွန်းဦးကဲ့သို့သောထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များကိုလည်းသက်သေအဖြစ်ဆောင်ရွက်ရန်အပြည်ပြည်ဆိုင်ရာပုံပန်းများ အရဖိတ်ကြားလိမ့်မည်ဖြစ်ပြီးယူအမ်မှအထွေထွေအတွင်းရေးမှူးဘန်ကီမွန်း၊ဂျင်မီကာတာ၊ဘီလ်နှင့်ဟီလာရီကလင်တန်၊တိုနီဘလဲ၊ဝါရင့်နိုဘယ်ဆုရှင်များနှင့် အာဆီယံဝန်ကြီးများစသည်တို့အားလက်မှတ်ရေးထိုးရာတွင်သက်သေအဖြစ်ဆောင်ရွက်ရန်အတွက်မေးမြန်းလိမ့်မည်ဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

မြန်မာပြည်၏လက်နက်ကိုင်အုပ်စု ၂၁ အုပ်စုတွင်နံပါတ် ၁ မှ ၁၄ အုပ်စုသည်ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ပြီး နံပါတ်၁၅နှင့်၁၆သည်အစိုးရနှင့်စေ့စပ်ဆွေးနွေးနေဆဲဖြစ်သည်။အစိုးရအနီးရှိအချက်များအရအလွန်သေးငယ်သည့်တခုခုဖြစ်စေ(သို့မဟုတ်)ရပ်တည်ချက်များ
မှပိုမိုကြီးမားသောအဖွဲ့အစည်းတခုဖြစ်လာစေရန်ကျန်သည့်အပိုင်းများကိုတွေးတောခဲ့ကြသည်။
UPWCသည်ဇန်နဝါရီလ၂၀၂၅ရက်တို့တွင်ကရင်ပြည်နယ်ညီလာခံတွင်စီစစ်အတည်ပြုခဲ့သောတ​နိုင်ငံလုံး​ဆိုင်​ရာ​အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီမှု(NCA)မူကြမ်းကို
လက်ခံရရှိရန်အတွက်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏တ​နိုင်ငံလုံး​ဆိုင်​ရာ​အပစ်အခတ်ရပ်စဲရေးစည်းလုံးညီညွတ်ရေးအသင်း(NCCT)နှင့်ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ချင်းမိုင်၌တွေ့ဆုံခဲ့သည်။

ဘားအံညီလာခံကို၂၀၁၃ဒီဇင်ဘာလတွင်ပြုလုပ်ရန်စီစဥထားသော်လည်း အစိုးရနှင့်တော်လှန်ရေးအဖွဲ့နှစ်ဘက်စလုံး၏အချက်များအရမတ်လသို့ထပ်မံပြောင်းရွှေ့ခဲ့ရသည်။