စတုတ္တတန်း ပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ် ကဗျာ ပယ်ဖျက်

...

စတုတ္တတန်း ပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ် ကဗျာ ပယ်ဖျက်

The Irrawaddy, 13 Mar 2019

URL: https://www.irrawaddy.com/news/burma/racially-religiously-discriminative-lesson-dropped-national-curriculum.html
အခြေခံ ပညာအဆင့် စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်ပါ “ဝံသာနု စိတ်ဓာတ်” ကဗျာအား သင်ကြားခြင်း မပြုရန်နှင့် ပယ်ဖျက်ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီး ဌာန(နေပြည်တော်)က မတ်လ ၇ ရက်စွဲ ဖြင့် ညွှန်ကြားချက် တစောင် ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက ခရိုင်/မြို့နယ်/ကျောင်းများသို့ အဆင့်ဆင့် ညွှန်ကြားရန် အကြောင်း ကြား သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “သင်ရိုးအသစ် စတော့မှာ။ ရှေ့နှစ်စတော့မှာ မစ ခင် ဒီနှစ်မှာကတည်းက အဲဒါတွေ မသုံးတော့တဲ့အကြောင်း ပြောတာပေါ့။ ပြန်စဉ်းစားလိုက်ရင် လူ့အခွင့် အရေးတို့ No Discrimination တို့ အဲဒါ တွေ ကမ္ဘာကို ငါတို့က လုပ်မယ် ပြောထားတာနဲ့ သိပ်မဆီလျော်ဘူး ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာ KG မှ ၁၂ တန်းထိ သင်ရိုးအသစ်များ ပြောင်းလဲရန် ရှိသည် ဟုလည်း ၎င်းက ဆို သည်။

လူမျိုးနှင့် ကိုးကွယ်ရာ ဘာသာကို ခွဲခြားမှု ပြုထားသည်ဆိုသော ယင်းကဗျာကို စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်(သင်ရိုးဟောင်း) (၂၀၁၅-၂၀၁၆) စာမျက်နှာ ၁၂ တွင် ပုံနှိပ်ဖော် ပြထားကြောင်း ပညာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးဝင်းမော်ထွန်းက “ဒါက လူ့အခွင့်အရေးအရပဲ ကြည့်ကြည့် ကုလသမဂ္ဂ ပဋိညာဉ်အရပဲ ကြည့်ကြည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ကြည့်ကြည့် ဘာမှ ခွဲခြားမှု ပြုလို့မရဘူး။ မျိုးဖျက်တာတို့ ရောနှော တာတို့ တို့မလိုလားတို့ စသဖြင့် ရန်လိုတဲ့ သ ဘောလေးတွေ တွေ့ရတာပေါ့” ဟု ပြောသည်။

အဆိုပါကဗျာနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၆၀ ကျော်က ပညာရေး ဝန်ကြီးဌာန အပါအဝင် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ၂၀၁၈ ဒီဇင်ဘာ ၂၆ ရက်တွင် အိတ်ဖွင့်ပေးစာ ပို့ခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ အရေးတယူ ဖြုတ်ပေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ကို ကျေးဇူးတင်ကြောင်း၊ ကဗျာကို အမှန်တကယ် ဖြုတ် မဖြုတ်ကိုလည်း စောင့်ကြည့်သွားမည်ဖြစ် ကြောင်း၊ ကလေးများ၏ စိတ်ထဲတွင် ခွဲခြားဆက် ဆံခြင်း ခံရသည့် စကားလုံးမျိုး လုံးဝ မထည့်သင့်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သူ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီး ကွန်ရက်မှ ဒေါ်ကတ်သလင်းသိန်းက ဧရာဝတီကို ပြောသည်။ယင်း ကဗျာပါ သင်ရိုးညွှန်းတမ်းသည် ဆရာကိုင်သာ ဖြစ်ပြီး ကျောင်းသားများအတွက် ထုတ်ဝေထား ခြင်း မရှိကြောင်း၊ ၂၀၁၂ ခုနှစ်လောက်တွင် စတင် သင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်း သိရှိရသည်။