အလုပ်ပေါင်း သုံးသောင်းကျော် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု (၇)ကို MIC အတည်ပြု

...

အလုပ်ပေါင်း သုံးသောင်းကျော် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု (၇)ကို MIC အတည်ပြု

The Global New Light of Myanmar, 21 Feb 2019

URL: HTTP://WWW.GLOBALNEWLIGHTOFMYANMAR.COM/MYANMAR-INVESTMENT-COMMISSION-APPROVES-SEVEN-INVESTMENT-PROPOSALS-WHICH-WILL-CREATE-OVER-3500-JOB-OPPORTUNITIES
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အစည်းအဝေးခန်းမ၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဌဖြစ်သူ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦးမှ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဘယ်လ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက်မွေးမြူထုတ်လုပ်ရေး၊ တရုတ်နိုင်ငံမှ contract farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း၊ ဟောင် ကောင်မှ CMP စနစ်ဖြင့် စက်ထိုးအထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် တည်ထောင်လည်ပတ်ခြင်းလုပ်ငန်း(အဆင့်၁ )၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှ လက်လီလက်ကားရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သို လှော်မှုလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့သည်။

အထက်ပါလုပ်ငန်း ခုနစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၂ ဒသမ ၆၂၉ သန်းရှိပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းပြည်ပအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၅၇၂ ဦး ဖန်တီးပေးနိုင် မည်ဖြစ်သည်။