လပ္ပတ္တာမြို့တွင် အသက်မွေးဝမ်းကျောင်းတိုးတက်ကောင်းမွန်စေရန် NGO နှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မည်

...

လပ္ပတ္တာမြို့တွင် အသက်မွေးဝမ်းကျောင်းတိုးတက်ကောင်းမွန်စေရန် NGO နှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မည်

Myanmar Times, 19 Feb 2019

URL: HTTPS://WWW.MMTIMES.COM/NEWS/NGO-PRIVATE-SECTOR-COOPERATES-IMPROVE-LIVELIHOODS-LABUTTA.HTML
ဧရာဝတီတိုင်း၊ လပ္ပတ္တာမြို့နယ်ရှိ တောင်သူလယ်သမားများ၏အသက်မွေးဝမ်းကျောင်းမှုတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ မြန်မာ့သြဘာအဖွဲ့၊ Mercy Corps နှင့် Golden Sunland တို့သည် ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသည်။

စီမံကိန်းသည် လယ်သမားများ၏ဝင်ငွေတိုးလာစေရန်ရည်ရွယ်ပြီး အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်း(NGO)ဖြစ်သည့် Mercy Corp မှ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်က ဆိုက်ကလုန်း၊ နာဂစ်ဖြစ်ပွားခဲ့သည့် လပ္ပတ္တမြို့ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားသည့်အစီအစဉ်အနေဖြင့် ကနဦးအစပြုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းသည် အားလုံးအား အကျိုးရရှိစေမည်ဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးဦးဆောင်ကုမ္ပဏီမှ အရောင်းပစ္စည်းများဖြန့်ဖြူးပေးမည်ဖြစ်ပြီး စင်ကာပူအခြေစိုက် စိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Golden Sunland က အဆင့်မြင့်အရည်အသွေးမီစပါးကို ဝယ်ယူမည်ဖြစ်ပြီး နောက်ဆုံးတွင် လယ်သမားများမှာ ဝင်ငွေပိုမို ရှာဖွေ လာနိုင်မည်ဖြစ်သည်။

အစေ့မှ ရိတ်သိမ်းသည်အထိ တာဝန်ယူမြှင့်တင်ပေးသည့် Golden Sunland ကုမ္ပဏီသည် လပ္ပတ္တာစပါးစိုက်တောင်သူများထံမှကောင်းမွန်သည့်အလေ့အကျင့်အပေါ်မူတည်၍ ကြီးထွားလာသည့်စပါးများကို လက်ရှိစျေးကွက်ပေးသည့်နှုန်းထက် ပိုများပြားသည့်စျေးနှုန်းဖြင့် ဝယ်ယူရန် စိုက်ပျိုးရေးသဘောတူညီမှု စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အဆိုပါဝယ်ယူထားသည့်စပါးများကို ပြည်ပသို့တင်ပို့ရောင်းချမည်ဖြစ်သည်။

လက်ရှိတွင် လယ်သမား ၄၀ ယောက်နှင့် မိသားစုများသည် လပ္ပတ္တာ၌ စီမံကိန်းအောက်ရှိ ဧက ၂၀၀ တွင် လယ်လုပ်ကိုင်လျှက်ရှိသည်။ စီမံကိန်းအား ၎င်းတို့၏အသက်မွေးဝမ်းကျောင်းကို ၃၀ ရာခိုင်နှုန်း ကောင်းမွန်လာစေမည်ဟု မျှော်မှန်းထားသည်။ ထိုသို့ အောင်မြင်လာပါက အဲန်ဂျီအိုနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်သောပြရုဒ်တရပ်လည်းဖြစ်လာမည်ဖြစ်သည်။