UNHCR ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ မြန်မာဒုက္ခသည်တတိယအဖွဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ

...

UNHCR ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ မြန်မာဒုက္ခသည်တတိယအဖွဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ

UNHCR, 19 Feb 2019

URL: https://www.unhcr.or.th/en/news/general/pr/third-group-of-myanmar-refugees-return-home-from-thailand-with-unhcr-support
UN ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် UNHCR နှင့်၎င်း၏မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ တော်ဝင်ထိုင်းအစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် ဆန္ဒအ လျောက်နေရပ်သို့ ပြန်လည်အခြေချခြင်းလုပ်ငန်း၏တစိတ်တပိုင်းအနေဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည် ၅၀၀ကျော်သည် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသို့ နေရပ်ပြန်နိုင်တော့မည်ဖြစ်သည်။ နေရပ်ပြန်ရာတွင် ယခုအဖွဲ့သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးနောက် ၎င်းတို့၏မူရင်းနေရပ်နိုင်ငံ၌ ၎င်းတို့၏ဘဝများကို ပြန်လည်ထူထောင်ရန် အတွက် နေရပ်ပြန် ဒုက္ခသည်များအား ပံ့ပိုးပေးသည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။

ဒုက္ခသည်များသည် နယ်စပ်ဒုက္ခသည်စခန်း(၅)ခုမှ ထွက်ခွာလာကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှနယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းရှိ ကရင်နှင့် ကယားပြည်နယ်သို့ ဝင်ရောက်လာကြမည်ဖြစ်သည်။

မြန်မာအာဏာပိုင်များမှ ၎င်းတို့အား နယ်စပ်တွင် ကြိုဆိုလက်ခံပြီးနောက် ဒုက္ခသည်များသည် ပြန်လည်ကြိုဆိုရေးစခန်းများသို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်သည်၊ထိုကြိုဆိုလက်ခံရေးစခန်းများတွင် လူဝင်မှု ကြီးကြပ်ရေးမှ ၎င်းတို့အား စာရွက်စာတမ်းများ ပံ့ပိုးပေးခြင်းနှင့် ဆေးစစ်ခြင်းအပါအဝင် ၎င်းတို့အား အထောက်အပံ့များလည်း ပေးအပ်မည်ဖြစ်သည်။ ထိုမှတဆင့် ၎င်းတို့၏ နောက်ဆုံးနေရပ်နေရာများ ဆီသို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်သည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုးတက်ကောင်းမွန်လာသည့်အခြေအနေများကြောင့် နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်ချင်သောဒုက္ခသည်များကို ကူညီပေးသည့်အနေဖြင့် UNHCR သည် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် စတင်လုပ်ဆောင်လာသည့် အစိုးရဦးဆောင်သော ထိုလုပ်ငန်းစဉ်ကို ကူညီပံ့ပိုးပေးခဲ့သည်။

UNHCR နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် ဒုက္ခသည်များအား ၎င်းတို့ ပြန်မည့်နေရာဒေသ၏အခြေအနေများကို အကြံပြုဆွေးနွေးပေးခဲ့သည်။ ၎င်းတို့သည် လမ်းခရီးသယ်ယူပို့ဆောင်ရေးနှင့် ကနဦး ပြန် လည်ပေါင်းစည်းရေးအထောက်အပံ့များလည်း လက်ခံရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၁၈ ခုနှစ် မေလ၌ ယခုကဲ့သို့ ပံ့ပိုးကူညီပေးမှုဖြင့်နေရပ်ပြန်ရာတွင် ထိုင်းနိုင်ငံမှ ဒုက္ခသည် ၁၆၄ ဦးနေ ရပ်ပြန်လည်အခြေချခဲ့ပြီး UNHCR မှ ပစ္စုပ္ပန်ကာလ မြန်မာနိုင်ငံထဲတွင် ၎င်းတို့ ပြန်လည်ပေါင်းစည်းနေထိုင်နေပုံနှင့် ဘဝ အပြောင်းအလဲများကို ဆက်လက်၍လှည့်လည်စောင့်ကြည့်နေမည်ဖြစ်သည်။

၏အိမ်ရှင်အသိုင်းအဝိုင်းမှ နေရပ်ပြန်များအား နွေးထွေးလှိုက်လဲစွာ အသိအမှတ်ပြုလက်ခံခဲ့ကြပြီး UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် လူထုအခြေပြုစီမံကိန်းများ အကောင်အထည်ဖော်ပေးခြင်းများမှ တဆင့် ပြန်လည်ပေါင်းစည်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့အစပြုလုပ်ဆောင်မှုများသည် အသိုင်းအဝိုင်းတစ်ခုချင်းစီ၏လိုအပ်မှုများကို အံခွင်ဝင်ကျ ဖြစ်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပံ့ပိုးပေးရန် စီစဉ်ခြင်း၊ အခြေခံအရပ်သားဝန်ဆောင်မှုများရရှိစေရန် ကူညီပေးခြင်းနှင့် အသိုင်းအ ဝိုင်းအခြေခံအဆောက်အအုံများနှင့် ပတ်သက်၍ ရရှိလာသောဖိအားများ ဖြေလျော့သက်သာစေရန်လည်း ကူညီပေးနေသည်။

“ထိုင်းနိုင်ငံက အိမ်ရှင်ကောင်းပီသတဲ့ နိုင်ငံတစ်နိုင်ငံပါ၊ ဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ လက်ခံပေးခဲ့ပါတယ်။ ပံ့ပိုးပေးမှုတွေနဲ့ ပြန်သွားတဲ့ အခုနောက်ဆုံးဖြစ်ရပ်ဟာ မြန်မာနိုင်ငံကို ဘေးကင်းကင်း၊ ဂုဏ်သိ က္ခာရှိရှိပြန်ချင်တဲ့ ဒုက္ခသည်တွေကို အားပေးတိုက်တွန်းရာခြေလှမ်းတစ်ခု ဖြစ်လာပါတယ် ” ဟု UNHCR၏ ဒေသကြီးဆိုင်ရာကိုယ်စားလှယ်နှင့် အရှေ့တောင်အာရှညှိနှိုင်းရေးမှူးဖြစ်သူ James Lynch က ပြော ကြားခဲ့သည်။

“ဒုက္ခသည်အခြေအနေ အဆုံးသတ်နိုင်ရေးအတွက် ရေရှည်အဖြေရှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ကျွန်တော်တို့ဆက်လက်ကိုယ်စားပြုဆောင်ရွက်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ ဒီကြာရှည်နေပြီဖြစ်တဲ့ နေရပ် စွန့်ခွာထွက်ပြေးလာမှုတွေနဲ့ စခန်းချမှုတွေအတွက် ဆက်လက်ကိုယ်စားပြု ဆောင်ရွက်သွားပါမယ်။”

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာနိုင်ငံမှလာသည့် ဒုက္ခသည် ၉၇၀၀၀ ကျော် နေထိုင်လျှက်ရှိပြီး အများစုမှာ ကရင်နှင့် ကရင်နီ တိုင်းရင်းသားများဖြစ်ကြသည်။