NCA လက်မှတ်ရေးထိုးမှု (၁)နှစ် ပြည့်လာခဲ့သော်လည်း NMSP အနေဖြင့် JMC-S မှာ ပါဝင်ခွင့် မရှိသေး

...

NCA လက်မှတ်ရေးထိုးမှု (၁)နှစ် ပြည့်လာခဲ့သော်လည်း NMSP အနေဖြင့် JMC-S မှာ ပါဝင်ခွင့် မရှိသေး

Mon News Agency, 01 Feb 2019

URL: https://www.bnionline.net/en/news/nca-signing-mark-one-year-nmsp-yet-be-involved-jmc-s
NCA လက်မှတ်ရေးထိုးမှု (၁)နှစ် ပြည့်လာခဲ့သော်လည်း NMSP အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)တွင် ပါဝင်နိုင်ခြင်း မရှိသေးဘဲ တစ်ဆို့ နေရဆဲ ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်ရပ်ကတည်းက တပ်မတော်မှ မွန်တပ်ရင်း တပ်ဖွဲ့များနှင့် ခရိုင်အုပ်ချုပ်ရေး ရုံးများကို အခြေစိုက်ခွင့် ပေးထားသော ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးအဆင့် JMC-S တို့တွင် ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMC-S မှာ ပါဝင်မည်ဟု ဆုံးဖြတ်ထား ကြာင်း သိရသည်။

ထို့အတူ မွန် JMC-S တွင် NMSP မပါဝင်သဖြင့် တပ်မတော်မှ ဝင်ရောက် သိမ်းဆည်းထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းမပေါ်က NMSP တပ်တည်စခန်း ဂိတ် (၂)နေ ရာကိုလည်း ပြန်လည် လွှဲအပ်ပေးခြင်း မပြုသေးပေ။

မွန်ဆရာတော် အသျှင်ရာဝိက က “DPN (၈)ချက်ကို မညှိနိုင်ဘဲ NCA ကို လက်မှတ်ထိုးမိလို့ JMC-S လို မျိုး တောင် အဆင်ပြေ အောင် မညှိနိုင်။ အရေးပါ ခေါင်းဆောင်အချို့ကို ပုဂ္ဂလိက စီးပွားရေး အခွင့်အရေး ဖန်တီး ပေးပြီး ပါတီညီညွတ်ရေး ပြိုကွဲအောင် လုပ်နေတယ်။ NCA ဟာ အမျိုးသားလွတ်မြောက်ရေးအတွက် အထောက်အကူပြုတာ မတွေ့ရသေးလို့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်တယ်” ဟု မိန့်ကြားသည်။

တိုင်းရင်းသား အများစုသည် စစ်မှန်သော ဖက်ဒရယ်စနစ်ကို လိုလားကြသော်လည်း လက်ရှိ မြန်မာအစိုးရ၏ ဒီမိုကရေစီ ဖက်ဒရယ် စနစ် ကျင့်သုံးနေသည့်အပေါ် NMSP အနေဖြင့် ယာယီ လက်ခံထား သည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်းက ဧပြီလကုန်ပိုင်း ဝယ်ဇင်စခန်း ဒုတိယအကြိမ် NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲမှာ ပြောသွားခဲ့သည်။