သက်သာချောင်ချိရေး ပံ့ပိုးပေးရန်အတွက် မသန်စွမ်းသူများကို မှတ်ပုံတင်စာရင်းသွင်းမည်

...

သက်သာချောင်ချိရေး ပံ့ပိုးပေးရန်အတွက် မသန်စွမ်းသူများကို မှတ်ပုံတင်စာရင်းသွင်းမည်

Myanmar Times, 01 Feb 2019

URL: https://www.mmtimes.com/news/pilot-project-register-disabled-people-welfare.htm
မသန်စွမ်းသူများအား အစိုးရ၏သက်သာချောင်ချိရေးခံစားမှုများကို ရရှိဖို့သေချာစေရန်အတွက် ရှေ့ပြေးစီမံကိန်းအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် ၎င်းတို့အား မှတ်ပုံတင်စာရင်းသွင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးစိုးအောင်က ပြောကြားခဲ့သည်။

အကျိုးခံစားခွင့်တွင် ငွေကြေးထောက်ပံ့ပေးမှု၊ ပညာရေး၊ ကျန်းမာရေးနှင့်အလုပ်အကိုင်များ ပါဝင်ကြောင်း ၎င်းက ပြောခဲ့သည်။ ရှေ့ပြေးစီမံကိန်းကို မကွေး၊ ပဲခူး၊ မွန်၊ ကရင် စသည့်တို့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

စီမံကိန်းအတွက် ငွေကြေးချထားပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော်မတီသည် မသန်စွမ်းသူများမှ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့အတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မှု စသည်တို့အား ရရှိစေရန်အတွက် အစိုးရအဖွဲ့အစည်းများနှင့် အတူတကွလုပ်ဆောင်သွားမည်ဖြစ်သည်။

“စီးပွားရေးလုပ်ငန်းတွေမှာ မသန်စွမ်းသူများကို လိုအပ်တဲ့အရေအတွက်အတိုင်း ငှားရမ်းထားတာ ရှိမရှိကို လှည့်လည်စစ်ဆေးမှာပါ၊ သူတို့မငှားထားဘူးဆိုရင် မသန်စွမ်းသူတွေအတွက် ထောက်ပံ့ပေးဖို့ရည်ရွယ်ထားတဲ့ရန်ပုံငွေကို ထည့်ရပါမယ်။ မသန်စွမ်းသူတွေကို ခန့်ထားတဲ့အတွက် အခွန်နဲ့ပတ်သက်တာတွေလည်း ဖြေလျော့တာတွေရှိပါမယ်” ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။

အစိုးရသည် ၂၀၁၇ ဧပြီလမှ ယခုနှစ် ဇန်နဝါရီလအထိ မသန်စွမ်း ၅၀၀၀၀ ကျော်အတွက် ငွေကျပ် ၂.၃ ဘီလီယံကုန်ကျထားပြီးဖြစ်သည်။ ယခုနှစ်တွင် ဥပဒေပြဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် ကူညီပေးရန်အတွက် ရန်ပုံငွေတစ်ရပ် မ တည်မည်ဖြစ်ကြောင်း သိရသည်။