ပင်စင်စားများအား အီလက်ထရောနစ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးခြင်း စတင်

...

ပင်စင်စားများအား အီလက်ထရောနစ်စနစ်ဖြင့် ငွေလွှဲပြောင်းပေးခြင်း စတင်

Myanmar Times, 01 Feb 2019

URL: https://www.mmtimes.com/news/ngo-starts-electronic-cash-transfers-pensioners.html
အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုသည် မန္တလေးရှိ ပင်စင်စား ၁၁၀၀ ကျော်ကို ကူညီပေးရန်အတွက် အီလက်ထရောနစ်စနစ်ဖြင့် ငွေသားလွှဲပြောင်းပေးခြင်း(ECT) ကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း အဖွဲ့ကြီးကြပ်သူက ပြောခဲ့သည်။
HelpAge International ၏ အီလက်ထရောနစ်စနစ်ဖြင့် ငွေသားလွှဲပြောင်းပေးခြင်းစမ်းသပ်အစီအစဉ်(ECT) ကို Livelihood and Food Security Fund က ငွေသားကူညီပံ့ပိုးပေးခဲ့ပြီး မြင်းခြံမြို့နယ်တွင် ပင်စင်စားများကို စတင်ပေးနေပြီဖြစ်သည်။

“ECT က နိုင်ငံသားပင်စင်စားတွေကို ငွေလွှဲပေးတဲ့အခါ ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ ”ဟု HelpAge International က ဒါရိုက်တာဖြစ်သူ Godfred Paul က ပြောခဲ့သည်၊ စမ်းသပ် အစီအစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံသားပင်စင်စားများအား ငွေကြေးထုတ်ပေးရာတွင် တာဝန်ယူထားသည့် အထွေထွေအုပ်ချုပ်ရေးဌာန၏ဝန်ထုတ်ဝန်ပိုးဖြစ်နေမှုကို လျော့ချပေးရန်အတွက် အီလက်ထ ရောနစ်စနစ်ငွေလွှဲပြောင်းပေးမှုမှတဆင့် ပိုမိုမြန်ဆန်ပြီးလွယ်ကူစေရန်အလို့ငှာ စမ်းသပ်လေ့လာရန်အတွက်ဖြစ်သည်။

လူမှုဝန်ထမ်းဌာနများ၏ အစီအစဉ်အား နိုင်ငံတဝန်းတိုးချဲ့လုပ်ဆောင်ရာ၌ ဌာနအား စမ်းသပ်စီမံကိန်းဖြင့် ပံ့ပိုးပေးရန် မျှော်မှန်းထားပြီး အခြားသောပါဝင်သည့်အဖွဲ့အစည်းများ၊ အဲန်ဂျီအိုနှင့်ဖွံ့ဖြိုးရေးလုပ် ဆောင်နေသည့်မိတ်ဖက်များကိုလည်း စီမံကိန်းအား ဝေမျှပေးမည်ဖြစ်သည်။

စမ်းသပ်အစီအစဉ်တွင် မြင်းခြံရှိ ရပ်ကွက်(၂၀)ခုနှင့် ကျေးရွာ(၁၈၅)ရွာရှိ သက်ကြီးပင်စင်စား ၁၁၃၉ ဦးကို ငွေလွှဲပြောင်းပေးနိုင်ခဲ့သည်။

မိုဘိုင်းငွေလွှဲပေးသည့်အော်ပရေတာနှစ်ခုဖြစ်သည့် Wave Money နှင့် M-Pitesan သည် ပင်စင်စားများအား ငွေလွှဲပြောင်းပေးရန်အတွက် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။