တောင်သူလယ်သမားများအား စိုက်ပျိုးရေးဌာနများက သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်များ ထုတ်ပေးမည်

...

တောင်သူလယ်သမားများအား စိုက်ပျိုးရေးဌာနများက သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်များ ထုတ်ပေးမည်

The Global New Light of Myanmar, 29 Jan 2019

URL: https://issuu.com/myanmarnewspaper/docs/29_jan_19_gnlm
တောင်သူလယ်သမားများသည် သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်များကို ထုတ်ယူရန်အတွက် ယခုအခါ မြို့နယ်စိုက်ပျိုးရေးဌာနများတွင် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက်နှင့်သစ်သီးသုတေသနဖွံ့ဖြိုးရေးစင်တာ၏ ပြောကြားချက်အရ သိရှိရသည်။

“နိုင်ငံမှာ အခု သဘာဝမြေသြဇာကို အသုံးပြုပြီးစိုက်ပျိုးတဲ့သူတွေရှိနှင့်ပြီးသားပါ။ ကျွန်တော်တို့က ဒေသခံတောင်သူလယ်သမားတွေကို သဘာဝမြေသြဇာသုံးလက်မှတ်တွေကို ထုတ်ပေးမှာပါ။ ဒါကြောင့် လယ်သမားတွေက သူတို့အတွက် ဒီလက်မှတ်ကို စတင်လျှောက်ထားလို့ရပါပြီ။ ကျွန်တော်တို့စိုက်ပျိုးရေးဌာနတွေက ပါဝင်တဲ့လုပ်ငန်းစဉ်တွေကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်သွားမှာပါ။ ဒေသကြီးနဲ့ပြည်နယ်စိုက်ပျိုးရေးဌာနတွေမှာ စုံစမ်းရေးအဖွဲ့တွေ ကျွန်တော်တို့ ဖွဲ့ထားပါတယ်။ သူတို့က ကွင်းဆင်းစစ်ဆေးပြီး ဒီလက်မှတ်ထုတ်ပေးမှာပါ။ အခုအခါမှာ ဒီသဘာဝမြေသြဇာအသုံးပြုမှု သုံးလက်မှတ်ရဖို့အတွက် သတ်မှတ်ထားတဲ့ အချက်တွေနဲ့ကိုက်ညီရမယ့် အချက် ၆ချက်ကို ကျွန်တော်တို့ ထုတ်ဖို့ စီစဉ်နေပါပြီ ” ဟု စိုက်ပျိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောခဲ့သည်။

သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်ရရှိပါက စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များသည် ဓာတုဆေးဝါးကင်းပြီး စားသုံးသူများအတွက် ဘေးအန္တရယ်ကင်းရှင်းကြောင်းကို စိုက်ပျိုးရေးဌာနက အာမခံချက် ပေးနိုင်သည်။

“ဒီကနေ့ ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းမှာဆိုရင် ဓာတုတွေပိုမိုအသုံးပြုလာကြတယ်၊ ဒီဓာတုကြောင့်ထွက်လာတဲ့အရာတွေက လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဒါပေမယ့် သဘာဝ မြေသြဇာသုံးသီးနှံတွေအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်က မြင့်မားပါတယ်။ ဒါကြောင့် သဘာဝမြေသြဇာထုတ်ကုန်တွေအတွက် စျေးကောင်းပေးမယ့် ခိုင်မာတဲ့ စျေးကွက်ရှိဖို့ အရေးကြီးပါတယ်။ ဒါမှ ဒေသခံ တောင်သူလယ်သမားတွေကည်း သဘာဝမြေသြဇာသုံးကောက်ပဲသီးနှံတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိုက်နိုင်မှာပါ။ အခုလက်ရှိမှာတော့ စီးတီးမတ်လိုမျိုး သဘာဝမြေသြဇာသုံးဟင်းသီးဟင်းရွက်နဲ့အသီးအနှံ တွေကို ရောင်းတဲ့ လက်လီဆိုင်တွေရှိနေပါပြီ ” ဟု သူက ပြောခဲ့သည်။

လက်တလောတွင် ဌာနသည် သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်ထုတ်ပေးရန်အတွက် လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်နေပြီဖြစ်သည်။ ဌာနသည် အမျိုးသားရေးကော်မတီကို ဖွဲ့စည်းမည်ဖြစ်ပြီး ထိုကော်မ တီမှ လက်မှတ်ထုတ်ပေးရန်အတွက် မှန်ကန်ကြောင်းတရားဝင်ထောက်ခံချက်ပေးသွားမည်ဖြစ်သည်။

လုပ်ငန်းစဉ်ဆောင်ရွက်မှုသည် အချိန် ၄ လကျော် ကြာမြင့်မည်ဖြစ်သည်။ ဒေသခံတောင်သူလယ်သမားများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် သဘာဝမြေသြဇာအသုံးပြုမှုလက်မှတ်အတွက် ဒေသရှိ စိုက်ပျိုး ရေးဌာနများတွင် လျှောက်ထားနိုင်ပြီဖြစ်သည်။

“သဘာဝမြေသြဇာသုံးကျွန်တော်တို့ရဲ့သီးနှံတွေက ရန်ကုန်စျေးကွက်မှာ ထိုးဖောက်နေရာယူပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ လက်မှတ်မရှိသေးပါဘူး။ ဒါကြောင့် စျေးကွက်မှာသဘာဝမြေသြဇာသုံးထုတ် ကုန်တွေအဖြစ် ကျွန်တော်တို့ မရောင်းချနိုင်ခဲ့ဘူး ”ဟု လှည်းကူးမြို့မှ သဘာဝမြေသြဇာသုံးလယ်သမား ဦးမြင့်ဦးက ပြောခဲ့သည်။