ကုမ္ပဏီများမှ ဧရာတီတိုင်းတွင် ကားစက်ရုံများ တည်ဆောက်မည်

...

ကုမ္ပဏီများမှ ဧရာတီတိုင်းတွင် ကားစက်ရုံများ တည်ဆောက်မည်

Mizzima, 24 Jan 2019

URL: http://www.mizzima.com/article/companies-build-car-factories-ayeyarwady-region
ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစိုးအောင်မှ ၎င်းတို့သည် ဧရာဝတီတိုင်းတွင် ကားစက်ရုံများတည်ဆောက်ရန် ကားကုမ္ပဏီများနှင့် ညှိနှိုင်းဆွေး နွေးခဲ့ကြောင်း ပြောခဲ့သည်။

ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ပြောကြားချက်အရ ဧရာဝတီတိုင်းသည် ရန်ကုန်ပြီးလျှင် ရင်းနှီးမြှုပ်နှံမှုများလက်ခံရရှိရာ၌ ဒုတိယအကောင်းဆုံးနေရာဖြစ်ပြီး ပြည်တွင်း ပြည်ပကုမ္ပဏီအများအပြား လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးကြသည်။

“ဂဏန်းအရေအတွက်အရ ဧရာဝတီတိုင်းက ရန်ကုန်ပြီးရင် ရင်းနှီးမြှုပ်နှံမှုများလက်ခံရရှိရာမှာ ဒုတိယအကောင်းဆုံးနေရာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၃၉ ခု ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဒေသကို စီမံကိန်းတွေအများကြီးလာနေပါပြီ။ ရန်ကုန်ကတော့ ရင်းနှင်းမြှုပ်နှံမှုတွေလက်ခံရရှိမှုအကောင်းဆုံးနေရာပေါ့ ”ဟု ဦးစိုးအောင်က ပြောခဲ့သည်။

ဧရာဝတီတိုင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအကြားတွင် ကုမ္ပဏီအများစုမှာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ဟောင်ကောင်တို့မှ ဖြစ်ကြသည်။