အသစ်ဖွဲ့စည်းလိုက်သည့်မွန်ပါတီမှ၂၀၂၀ ရွေးကောက်ပွဲကြီး ဝင်ရန်ဆောင်ရွက်မည်

...

အသစ်ဖွဲ့စည်းလိုက်သည့်မွန်ပါတီမှ၂၀၂၀ ရွေးကောက်ပွဲကြီး ဝင်ရန်ဆောင်ရွက်မည်

Network Media Group, 25 Sep 2018

URL: https://www.bnionline.net/en/news/newly-formed-mon-party-sets-sights-2020-elections
မွန်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် မွန်ပြည်နယ်ရှိ လွှတ်တော်နေရာအများစုကို အနိုင်ရရှိရန် ရည်ရွယ်သည်။

ပါတီခေါင်းဆောင်ပိုင်း၏ အဆိုအရ ၎င်းတို့သည် ပြည်နယ်ရှိ တိုင်းရင်းသားလူထုအတွင်း ယုံကြည်မှုရရှိအောင် တည်ဆောက်မည်ဖြစ်သည်။ ၂၀၁၀နှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲများ၌ ၎င်းတို့၏ဌာနေတိုင်းရင်း သားများထံမှ ပံ့ပိုးမှုရရှိလာအောင် ဦးတည်ထားခဲ့ကြောင်း ရှင်းပြခဲ့သည်။ သို့သော်လည်း မွန်နိုင်ငံရေးပါတီ ၃ခု ပေါင်းစည်းထားသည့် ပါတီအသစ်သည် နည်းဗျူဟာသစ်ရှိခဲ့သည်။

“လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ အခြားတိုင်းရင်းသားတွေကိုလည်း ကျွန်တော်တို့ကို မဲထည့်ဖို့ ကျွန်တော်တို့ ဆက်ပြီး စည်းရုံးသွားမှာပါ ” ဟု မွန်ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သူ နိုင်ကျန် ရစ်က ပြောသည်။ “စည်းလုံးညီညွတ်ရေးက မရှိမရှိအရေးပါပါတယ်။ စည်းလုံးခြင်းသည် အင်အားပါပဲ။ ကျွန်တော်တို့ မွန်နိုင်ငံရေးပါတီတွေကို အောင်မြင်စွာ ပေါင်းစည်းနိုင်ပါပြီး။ ဒီလိုပေါင်းစည်းခြင်းအားဖြင့် အကျိုးရှိလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”

မွန်ပါတီသစ်ကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီစသည့် ပါတီ သုံးခုမှ ဖွဲ့စည်းပြီးနောက် ပြည်သူလူထုထံသို့ သောကြာနေ့တွင် တရားဝင် မိတ်ဆက်ပေး ခဲ့သည်။

ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခြင်းနှင့် အနာဂတ် အစီအစဉ်များကို ၎င်း၏တို့၏ ပထမဆုံးအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ် သည်။

“ ဒီမိုကရေစီစနစ်အောက်မှာ ကွဲပြားတဲ့ နိုင်ငံရေးပါတီအများအပြားရှိနေတာ အကြောင်းမဟုတ်ပါဘူ။ တိုင်းရင်းသားပြည်သူလူထုက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ လိုပါတယ်။ စစ်မှန်တဲ့ဖက်ဒရယ်ပြည် ထောင်စုမတိုင်မီ တခြားတိုင်းရင်းသားတွေနဲ့အတူ လုပ်ကိုင်ဖို့အတွက် ကျွန်တော်တို့ စည်းလုံးညီညွတ်ရပါမယ်” ဟု မွန်ဒေသခံကိုမင်းအောင်ထူးက Network Media Group သို့ ပြောခဲ့သည်။

ထို့ပြင် အမျိုးသမီးပါတီ(မွန်) ဖြစ်သည့် မွန်ပါတီဖြစ်သည် ပြည်နယ်တွင် သီးခြားလုပ်ဆောင်နေသည့် တိုင်းရင်းသားမွန်ပါတီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

AMDP ၊ MNP နှင့် အမျိုးသမီးပါတီ(မွန်)သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ AMDP မှ ပြည်နယ်လွှတ်တော်တွင် လွှတ်တော် ၁ နေရာအနိုင်ရရှိခဲ့ပြီး MNP မှပြည်နယ်လွှတ် တော်တွင် ၂ နေရာ နှင့် ပြည်ထောင်စုအထက်လွှတ်တော်တွင် ၁ နေရာ အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မွန်ပါတီများသည် မဲများ ကွဲနေမှုကြောင့် အလားအလာရှိသည့်လွှတ်တော်နေရာများ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု မွန်လူထုအတွင်း ယုံကြည်နေခဲ့သည်။

AMDP သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အထက်နှင့် အောက်လွှတ်တော်နေရာနှင့် ပြည်နယ်လွှတ်တော်နေရာစသည်ဖြင့် ၁၆ နေရာအနိုင်ရရှိခဲ့သည်။