အသုံးမပြုသည့် မြေဧက ၃၀၀၀ ကျော်ကို လယ်သမားများထံ ပြန်လည်ပေးအပ်

...

အသုံးမပြုသည့် မြေဧက ၃၀၀၀ ကျော်ကို လယ်သမားများထံ ပြန်လည်ပေးအပ်

Myanmar Times, 08 Aug 2018

URL: https://www.mmtimes.com/news/more-3000-acres-unused-land-returned-farmers.html
တံတားဦးမြို့နယ်တွင် မန္တလေးနိုင်ငံတကာလေဆိပ်ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေဧက ၃၀၀၀ ကျော်ကို မူလပိုင်ရှင်လယ်သမားများထံ ပြန်လည်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

တံတားဦးမြို့နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် အခမ်းအနားအတွင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးသိုက မူလပိုင်ရှင် လယ်သမားများအား ယာယီမြေအသုံးချခွင့်လက်မှတ်နှင့် ပုံစံ-၃ ကို ပေးအဖ်ခဲ့သည်။

တောင်သူလယ်သမားများထံမှ လေကြောင်းပို့ဆောင်ရေးက သိမ်းယူထားသည် စုစုပေါင်းမြေဧက ၃၀၁၉.၄၄ဧကကို လယ်သမား ၁၀၈၇ ဦးထံပြန်လည်ပေးအပ်ခဲ့သည်။

လယ်သမားများ၏ စုစုပေါင်းဧက ၂၈၅၇၆ ဧကကို လေဆိပ်စီမံကိန်းအတွက် ၂၀၁၃ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဧက ၉၀၀၀ ကျော်ကို အစိုးရမှ အသုံးမပြုသည့်မြေအဖြစ် ၂၀၁၄ ခုနှစ် တွင် ပြန်လည်ပေးအပ်ခဲ့သည်။ လယ်ယာမြေစီစစ်ရေးအဖွဲ့ကို ပြည်နယ်၊ မြို့နယ်၊ခရိုင်အလိုက်ဖွဲ့စည်းခဲ့သည်။ အဖွဲ့မှ မြေ၏ ပိုင်ရှင်အစစ်အမှန်ကို ဆုံးဖြတ်ပေးခဲ့ပြီး မြေပြန်လည်လွှဲပြောင်းရာအချိန်ယူရသ ဖြင့် ကြန့်ကြာမှုများရှိသည်ကို လူထုမှ သဘောပေါက်နားလည်းပေးရန်လိုအပ်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဇော်မြင့်မောင်က ပြောကြားခဲ့သည်။