မွန်နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိ၊ ပါတီသစ်တွင် နိုင်တင်အောင် ဥက္ကဌဖြစ်လာ

...

မွန်နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိ၊ ပါတီသစ်တွင် နိုင်တင်အောင် ဥက္ကဌဖြစ်လာ

Mon News Agency, 24 Jul 2018

URL: https://www.bnionline.net/en/news/mnp-amdp-finalize-merger-elect-nai-tin-aung-chair-new-party ငြိမ်းချမ်းရေး ကော်မရှင် နှင့် KIO၊ RCSS/SSA တို့ အလွတ်သ
မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ဇူလိုင်လ ၂၁ ရက်နေ့က မော်လမြိုင်မြို့ AMDP ရုံးဆွေးနွေးပွဲ၌ နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိကြပြီး ပါတီသစ်ဥက္ကဌ အဖြစ် နိုင်တင်အောင်ကို ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။

ပါတီသစ်၏ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိ တမက“နှစ်ပါတီပေါင်းစည်းရေးကို အားလုံးအပြီး သတ်နိုင်ခဲ့ပြီ၊ အဓိသဘောတူခဲ့တာက ပါတီတွင်း တာဝန်ခွဲဝေမှုတွေ၊ တဖက်ကို ဗဟိုကော်မတီ ၅၀ ဦးစီ စုစု ပေါင်း ၁၀၀ ဦး၊ အဲဒီအထဲက ဗဟိုအလုပ် အမှုဆောင် ၂၂ ဦးစီရွေးလိုက်တော့ စုစုပေါင်း ၄၄ ဦး၊ ဒီတစ်လအတွင်းမှာ ပါတီအမည်အတည်ပြုမယ်၊ အဲဒီနောက် ရှေ့ဆင့်နောက်ဆင့်မှာပဲ နှစ်ပါတီပေါင်း စည်းခြင်း အထိန်းအမှတ်ပွဲနဲ့ ဗဟိုကော်မတီအစည်း ဝေးလုပ်ဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။

အနယ်နယ်အရပ်ရပ်မှ အကြံပြုပေးပို့လာသည့် ပါတီအမည်သစ် ၄၉ ခုအနက် ၁၀ ခုကို ရွေးချယ်ထားပြီး အောက်ခြေပါတီထုထံ ပါတီပေါင်းစည်းရေးရှင်းလင်းပွဲများဆက်လက်ပြုလုပ်၍ ပါတီသစ်အမည်ကိုလည်း အများသဘောတူညီချက်အတိုင်း အတည်ပြု သွားမည်ဟု ၄င်းကဆက်ပြောသည်။

ထို့ပြင် ပြန့်ကျဲနေသောအင်အားစုများ ပါဝင်လာလာရေးအတွက် နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်သည့်ပုဂ္ဂိုလ်များနှင့် တရားဝင် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ခေါင်းဆောင် နိုင်ကျန်ရစ် ဦးဆောင်သော ၅ ဦးပါအ ဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားသည်ဟု ဆိုသည်။ မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေး ၂၁ ဦးအဖွဲ့ ပြောခွင့်ရ ဒေါက်တာအောင်နိုင်ဦးက “ဒီလဆန်းပိုင်း ၆ ရက်နေ့မှာ နှစ်ပါတီဘက်က ကိုယ်စားလှယ် ၅ ဦးနဲ့ ကျနော်တို့ ၅ ဦးတွေ့ခဲ့တယ်၊ ကျနော်တို့တင်ပြတာကတော့ သူတို့နှစ်ပါတီရော ကျနော်တို့ မွန်နိုင်ငံရေး ညီလာခံက ဖွဲ့စည်းပေးလိုက်တဲ့ ၂၁ ဦးနဲ့ အဖွဲ့ဝင်တွေရော အပြင်မှာဘာမှကြွင်း နှစ်ပါတီ ပေါင်းစည်း ရေးသဘောတူညီချက်အရ ဥက္ကဌ နိုင်တင်အောင်၊ ဒုဥက္ကဌ(၁) နိုင်လှအောင်၊ ဒုဥက္ကဌ(၂) နိုင်ငွေသိန်း၊ ဒုဥက္ကဌ(၃) နိုင်ချမ်းတွဲ့ ၊ အထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၊ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမ၊ တွဲဘက်အတွင်းရေးမှူး(၂) နိုင်စံ တင်၊ တွဲဘက်အတွင်းရေးမှူး(၃) နိုင်စိုးမြင့်၊ တွဲဘက်အတွင်းရေးမှူး(၄) နိုင်သန်းရွှေ၊ တွဲဘက်အတွင်းရေးမှူး(၅) ဒေါက်တာမင်း ကြည်ဝင်း တို့ကို ရွေးချယ် ထား ကြောင်း သိရသည်။

နိုင်တင်အောင်သည် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း၏သား၊ ငယ်စဉ်ဘဝက မွန်ပြည်သူ့တပ်ဦးအဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအ ကျဉ်းသားဟောင်း၊ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၊ မွန်အမျိုးသားပါတီ ဒုဥက္ကဌ တာဝန်ယူခဲ့သူ ဖြစ်သည်။