အလွတ်ပညာသင်ကြားရေးအစီအစဉ်များကို နယ်စပ်စခန်း(၅)ခုထိ တိုးချဲ့မည်

...

အလွတ်ပညာသင်ကြားရေးအစီအစဉ်များကို နယ်စပ်စခန်း(၅)ခုထိ တိုးချဲ့မည်

Myanmar Times, 09 Jul 2018

URL: https://www.mmtimes.com/news/non-formal-education-programme-extended-5-border-camps.html
မူလတန်းအလွတ်ပညာသင်ကြာရေး(NFPE)အစီအစဉ်ကို ယခုနှစ် စာသင်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်တွင်ရှိသော စခန်း(၅)ခုသို့ တိုးချဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းမန်နေ ဂျာက ပြောခဲ့သည်။

NFPE သည် ကျောင်းမနေသည့်ကလေးများအတွက် ပညာရေးပံ့ပိုးပေးမည့် ပညာဆက်လက်သင်ကြားနိုင်သော အခမဲ့အစီအစဉ် တစ်ခုဖြစ်သည်။

အစီအစဉ်ကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၌ နိုင်ငံတလျှောက်စတင် အစပြုပေးခဲ့သည်။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အစီအစဉ်ကို မဲဆောက်တွင် စတင်ခဲ့ပြီး ပညာသင်ကြားခွင့်မရသည့် အသက် ၁၀နှစ်နှင့် ၁၄ နှစ်အတွင်း ကလေးများအား သင်ကြားပေးရန် ရည်ရွယ်သည်။ ၎င်းတို့၏ အခြေခံပညာရေးကို စာသင်ကျောင်းများတွင် ဒုတိယအကြိမ် အပြီးသတ် ပြန်လည်သင်ယူနိုင်ရန်အတွက် ကူညီပေးခြင်းဖြစ်သည်။

“ လာမယ့်နှစ်အတွက် စာသင်ကျောင်းတွေမှာ စာရင်းကောက်ကြည့်တော့ သင်ယူချင်တဲ့ကလေးအရေအတွက် များပြားတာ တွေ့ရပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အစီအစဉ်ကို စခန်း(၅)ခုအထိ ချဲ့ထွင် လိုက်တာပါ”ဟု NFPE ၏ စီမံကိန်းမန်နေဂျာဖြစ်သူ ဦးထွန်းကြည်က ပြောသည်။

အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာပေအရင်းအမြစ်စင်တာ၊ UNICEF ၊UNESCO နှင့် အခြားသောအလှူရှင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။