ဂျပန်နိုင်ငံသို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်သမားများ စေလွှတ်မည်

...

ဂျပန်နိုင်ငံသို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအလုပ်သမားများ စေလွှတ်မည်

Myanmar Times, 04 Jul 2018

URL: https://www.mmtimes.com/news/myanmar-send-workers-japan-care-elderly.html
ဂျပန်နိုင်ငံတွင် လိုအပ်ချက်ရှိနေသည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အလုပ်အကိုင်အတွက် ပထမဆုံးအကြိမ် မြန်မာအလုပ် သမားများ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဝန်ကြီးဌာနက ချမှတ်ထားသည့် သက်ကြီးစောင့်ရှောက်ရေးအလုပ် သမားစေလွှတ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းမူဝါဒများနှင့် ပတ် သက်ပြီး ဝန်ကြီးဌာနနှင့် အေဂျင်စီများအဖွဲ့ချုပ်တို့ အပြီးသတ် ဆွေးနွေး ပြီးဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန် ဆောင်မှုအေဂျင်စီများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ပြောသည်။

အဆိုပါ သက်ကြီးစောင့်ရှောက်ရေး အလုပ်သမားစေလွှတ်ရေး အ တွက် ဝန်ကြီးဌာန ခွင့်ပြုချက်ရရှိပါက အေဂျင်စီများသည်လာမည့် သြဂုတ်လအတွင်း အလုပ်သမားများ စတင်စေလွှတ်နိုင်မည်ဟုလည်း ၎င်း က ပြောသည်။

ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းများအရ ဂျပန်နိုင်ငံသို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်အကိုင်အတွက် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများသည် အနည်းဆုံး အသက် ၁၈ နှစ်ပြည့် ပြီးသူများဖြစ်ရမည် ဖြစ်သည်။ ထို့ပြင် ဂျပန် သံရုံးက စစ်ဆေးလျက်ရှိသည့် ဂျပန်ဘာသာစကားကျွမ်းကျင်အမှုအဆင့် N4 အဆင့်ကို အောင်မြင်ပြီးသူများဖြစ်ရန် လိုအပ်ကြောင်းနှင့် သက်ကြီးရွယ်အိုစောင့် ရှောက်ရေးဆိုင်ရာ သင်တန်းတစ်ခုခုကို နာရီပေါင်း ၃၂၀ ခန့် တက်ရောက် သင်ကြားထားသူ ဖြစ်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်အကိုင်မှာ အခြားအလုပ်အကိုင်များထက် ဝင်ငွေပိုမိုရရှိသော အလုပ်အကိုင်တစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အလုပ်ချိန် တစ်နာရီအတွက် ဂျပန်ယမ်းငွေ ၉၅၀ ခန့်အထိ ရရှိမည်ဖြစ်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်ရေး အလုပ်သမား လိုအပ်ချက်အတွက် ဂျပန်နိုင်ငံ အေဂျင်စီများက အလုပ်သမားမှာယူမှုများရှိနေသည်ဟု အေဂျင်စီအဖွဲ့ချုပ်ထံမှ သိရသည်။

ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများသည် အစိုးရက တရားဝင် သတ်မှတ်ထားသည့် အလုံးစုံ ဝန် ဆောင်ခ အမေရိကန်ဒေါ်လာ ၂၈၀ဝ (မြန်မာငွေ သိန်း ၄၀ ဝန်းကျင်)ခန့် ကျခံ ရမည်ဖြစ်သည်။