ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ART စင်တာဖွင့်လှစ်

...

ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ART စင်တာဖွင့်လှစ်

Myanmar Times, 12 Jan 2018

URL: https://www.mmtimes.com/news/art-centre-opens-yangon-central-womens-hospital.html
ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် HIV ဗိုင်းရပ်စ်ပိုးအားကုသပေးသည့် စင်တာ(ART Centre)တစ်ခုကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။

စင်တာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် HIV ဝေဒနာရှင်များအတွက် ဆေးစစ်ခြင်း၊ စိစစ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသပေးခြင်းများပါဝင်သည်။ စင်တာကို ဗုဒ္ဓဟူး၊ ကြာသာပတေးနှင့်သောကြောနေ့များတွင်
မနက်၉ နာရီမှ ညနေ ၄ နာရီအထိဖွင့်လှစ်ထားသည်။

ဆေးရုံတွင် HIV/AIDS ၊ ဘီပိုး၊စီပိုး စသည်တို့ကိုလည်း စမ်းသပ်စစ်ဆေးပေးပြီး ART စင်တာဖွင့်ကတည်းကပင် အခမဲ့ဖြစ်ကြောင်း ဆေးရုံ၏ စီနီယာဆေးဘက်ဆိုင်ရာကြီးကြပ်ရေးမှူးဖြစ်သူ ဒေါက်တာပပက ပြောခဲ့သည်။

ART စင်တာတွင် HIV ရှိသူများနှင့်အတူနေထိုင်သည့် ကိုယ်ဝန်ဆောင်သည်များနှင့် ၎င်းတို့၏မိသားစုဝင်များကိုလည်း ဝန်ဆောင်မှုများကို အဘက်ဘက်ကနေ ပေးနေကြောင်း သူမကပြောခဲ့သည်။

ဆေးရုံစာရင်းအရ ဆေးရုံကို လူနာ (၁၅၀၀၀)နီးပါးလာရောက်စမ်းသပ်ခဲ့ကြပြီး (၁.၂)ရာခိုင်နှုန်းမှာ HIV ရှိကြောင်းသိခဲ့ရသည်ဟု သူမကပြောခဲ့သည်။