ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ ၁၉ နေရာတွင် ၉ နေရာ အနိုင်ရရှိ

...

ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ ၁၉ နေရာတွင် ၉ နေရာ အနိုင်ရရှိ

Myanmar Times, 03 Apr 2017

URL: http://www.mmtimes.com/index.php/national-news/25551-nld-wins-9-seats-out-of-19-in-by-election.html
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရှိ လစ်လပ်နေရာ(၁၉)
နေရာတွင် (၉)နေရာ အနိုင်ရရှိသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရှိ နေရာ ၁၂ နေရာတွင် NLD မှ ၈နေရာအနိုင်ရရှိသည်။

ရှမ်းပြည်နယ်တွင် ရှမ်းအမျိုးသားဒီမိုကရေစီပါတီမှ နေရာ ၆ နေရာစလုံးတွင် အနိုင်ရရှိခဲ့သည်။ မိုင်းရှူးနှင့် ကျေးသီမြို့နယ်ရှိ ပြည်နယ်ဥပဒေပြုလွှတ်တော်တွင် ၄ နေရာ နှင့် အောက်လွှတ်
တော်တွင် ၂ နေရာ အနိုင်ရရှိခဲ့သည်။

NLD မှ နောင်ချိုမြို့နယ်ရှိ ပြည်နယ်ဥပဒေပြုလွှတ်တော်တွင် ၁ နေရာအနိုင်ရရှိခဲ့သည်။ USDP မှလည်း ကျိုင်းတုံရှိ ပြည်နယ်ဥပဒေပြုလွှတ်တော်တွင် ၁ နေရာ အနိုင်ရရှိခဲ့သည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မော်လမြိုင်မြို့နှင့် မြို့နယ်များကို ချိတ်ဆက်ထားသည့် တံတားသစ်အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် NLD မှ အဆိုပြုခြင်းအပေါ် ဒေသ
ခံများက ဆန္ဒပြခြင်းများဖြစ်လာပြီးနောက် ပါတီသည် မဲရှုံးနိမ့်ကာ USDP ပါတီမှ အနိုင်ရရှိခဲ့သည်။

ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်ရှိ ပြည်နယ်ဥပဒေပြုလွှတ်တော် ၁နေရာ NLD ကို မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုသောကြောင့် တမျိုးသားလုံးဆိုင်ရာဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ
ကိုယ်စားလှယ်လောင်းဦးသဲရယ်က အနိုင်ရရှိသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီသည် အန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရရှိသည်။ USDP သည် ဒုတိယမဲအများဆုံးရရှိကာ NLD မှ တတိယလိုက်သည်။

ရန်ကုန်တွင် အောက်လွှတ်တော်နေရာ လစ်လပ်နေရာ ၄ နေရာဖြစ်သည့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့သစ်၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်တို့တွင် NLD မှ အနိုင်ရရှိသည်။ အောက်
လွှတ်တော်လစ်လပ်နေရာဖြစ်သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ လစ်လပ်နေရာ ၁ နေရာကိုလည်း NLD မှ အနိုင်ရရှိသည်။