ကျောင်းသားနှင့်မိဘများမှ စာပေးပွဲစနစ်သစ်ကို ကြိုဆိုထောက်ခံ

...

ကျောင်းသားနှင့်မိဘများမှ စာပေးပွဲစနစ်သစ်ကို ကြိုဆိုထောက်ခံ

Myanmar Times, 09 Mar 2017

URL: http://www.mmtimes.com/index.php/special-features/educentre/25292-students-and-parents-welcome-new-exam-system.html
ကျောင်းသားများသည် စာမေးပွဲစနစ်သစ်အတွက် ကြိုတင်ပြင်ဆင်ရာတွင် လုပ်နည်းကိုင်နည်းအသစ်များနှင့် နည်းလမ်းသစ်များကို လုပ်ဆောင်ရတော့မည်ဖြစ်သည်။

အခြေခံပညာအတန်းများ၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှလွဲ၍ အတန်းတင်စာမေးပွဲများအား ယခင်က ကျောင်းစစ်စနစ်ဖြစ်သော်လည်း စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများကို
ယခုအခါအစိုးရစာစစ်စနစ်သို့ ပြောင်းလဲခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။

ယခင်က တက္ကသိုလ်ဝင်တန်းအပါအဝင် အခြေခံပညာကျောင်းသားများသည် ကျောင်းစာစစ်စနစ်တွင် စာမေးပွဲ၌ ၎င်းတို့ရရှိလာသည့်အမှတ်များအပေါ်မူတည်၍ ပထမ၊ ဒုတိယ၊ တတိယ ဟူ၌
အဆင့်အလိုက်ထားရှိသည်။

သို့သော်လည်း ၂၀၁၅ - ၁၆ ခုနှစ်မှစ၍ အခြေခံပညာစာသင်ကျောင်းအများစုသည် အဆင့်လိုက်ထားရှိသောစနစ်မှ A, B, C နှင့် D စသည်ဖြင့် အုပ်စုလိုက်ထားရှိသောစနစ်သို့ ပြောင်းလဲခဲ့သည်။
လက်ရှိ စာသင်နှစ်ဖြစ်သည့် ၂၀၁၆-၁၇ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံရှိ အခြေခံစာသင်ကျောင်းအားလုံးသည် စာမေးပွဲရလဒ်များကို ဤစနစ်သစ်အတိုင်း အသုံးပြုနေပြီဖြစ်သည်။

ယခင်က စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများသည် ၎င်းတို့၏ လစဉ် စာမေးပွဲနှင့် အတန်းတင်စာမေးပွဲကို တက်ရောက်နေသည့် ကျောင်း၏ အချိန်ဇယားအတိုင်းဖြေဆိုရသော်လည်း
ယခုစနစ်သစ်တွင်မူ ၎င်းတို့သည် အစိုးရစစ်စာမေးပွဲစနစ်အတိုင်း ဖြေဆိုရသည်။ ထို့ကြောင့် ကျောင်းသားများသည် စာမေးပွဲစနစ်သစ်အတွက် ကြိုတင်ပြင်ဆင်ရာတွင် လုပ်နည်းကိုင်နည်းအ
သစ်များနှင့် နည်းလမ်းသစ်များ လုပ်ဆောင်ရတော့မည်ဖြစ်သည်။

ယခင်က စာမေးပွဲကျောင်းစစ်စနစ်တွင် ကျောင်းသားများသည် စာသင်ခန်းတွင် သင်ကြားသည့် သင်ခန်းစာအနည်းငယ်ကိုသာ ကျက်မှတ်ရသော်လည်း အစိုးရစစ်စာမေးပွဲစနစ်အောက်တွင်မူ
ကျောင်းသားများသည် ပိုမို လေ့လာသင်ယူရမည်ဖြစ်သည်။

ကျောင်းစာစစ်စနစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့်မှလွဲ၍ အခြားအတန်းရှိကျောင်းသားများသည် အတန်းတင်စာမေးပွဲအတွင်းတွင် ဒီဇင်ဘာလအဆုံးပိုင်းရောက်မှ သင်ယူခဲ့ရသည့် သင်ခန်းစာ
များကို ဖြေဆိုရသည်။ သို့သော်လည်း စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို အစိုးရစာစစ်စနစ်သို့ပြောင်းလဲခဲ့ပြီဖြစ်သောကြောင့် ကျောင်းသားများသည် စာသင်နှစ်အစမှ အဆုံးထိ သင်ခန်းစာအားလုံး
ကို စာမေးပွဲတွင် ဖြေဆိုရမည်ဖြစ်သည်။

ကျောင်းသားမိဘအများစုသည်လည်း စတုတ္ထတန်းနှင့် အဋ္ဌမတန်းတွင် စာမေးပွဲစနစ်အား ကျောင်းစစ်မှ အစိုးရစနစ်သို့ ပြောင်းလဲသွားသည်ကို နှစ်ခြိုက်ကြသည်။

စာမေးပွဲရလဒ်အား Grade နှင့်သာ အသုံးပြုသောကြောင့် ကျောင်းသား၏အရည်အချင်းကို အသေအချာသိရန် ခက်ခဲသွားကြောင်း မိဘများက ဝေဖန်ကြသည်။ ယခင်က အတန်းအားလုံးတွင်
စာမေးပွဲရလဒ်ကို ၎င်းတို့ရရှိသည့် အမှတ်အတိုင်း အဆင့်အလိုက် ကြေငြာပေးခဲ့သည်။

အမှတ်(၈၀) မှ (၁၀၀) အတွင်းကို Grade A ၊ အမှတ် (၆၀) မှ (၇၉) ကို Grade B ၊ မှတ်(၄၀) မှ (၅၉) အတွင်းကို Grade C နှင့်၊ အမှတ် (၄၀) အောက်ကို Grade D အဖြစ်သတ်မှတ်ထားသည်။