ကျေးလက်ဒေသများတွင် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ငွေကျပ်(၅၈)ဘီလီယမ်ကျော်သုံးမည်

...

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ငွေကျပ်(၅၈)ဘီလီယမ်ကျော်သုံးမည်

The Global New Light of Myanmar, 04 May 2017

URL: https://issuu.com/myanmarnewspaper/docs/4_may_17_gnlm
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၂၃၃)ရွာအား လျှပ်စစ်မီးပေးနိုင်ရန်အတွက် ငွေကျပ်(၅၈)ဘီလီယမ်ကျော် အသုံးပြုမည်ဖြစ်ကြောင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ
ဦးခန့်ဇော်ကပြောသည်။

ကျေးရွာများသို့ လျှပ်စစ်မီးပေးရန်အတွက် အစိုးရမှ ငွေကျပ်(၁၁.၀၆) ကျပ်ပံ့ပိုးပေးမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏ(၄၇.၇၆)ကို ကမ္ဘာ့ဘဏ်က ပေးမည်ဖြစ်သည်။ လျှပ်စစ်မီးပေးရေးစီမံကိန်းကို ၂၀၁၈
ဇွန်လတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

“ ဖြစ်နိုင်ရင် စီမံကိန်း မြန်မြန်စနိုင်လေ ကောင်းလေပေါ့။ ၂၀၁၇ ၊ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ တင်ဒါရှင်တွေကို စတင်ဖိတ်ကြားခဲ့ပါတယ်။ တင်ဒါကို ၂၇ ရက်နေ့၊ ဧပြီလမှာဖွင့်ပါတယ်။ အခုကျွန်တော်
တို့ ရွေးချယ်ထားတဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ စီစဉ်နေပါတယ်။ အောက်တိုဘာမှာ စတင်မတပ်ဆင်ခင် နမူနာကို ကျွန်တော်တို့ စတင်စစ်ဆေးနေပါတယ် ” ဟု ဦးခန့်ဇော်ကပြောသည်။

မြို့နယ်(၁၂၇)မြို့နယ်တွင်ရှိသော ကျေးရွာ(၁၂၉၈)ရွာရှိ အိမ်ခြေ(၉၅၆၃၉)အိမ်ကို နေအိမ်ဆိုလာလျှပ်စစ်စနစ်ပေးမည်ဖြစ်ပြီး အသေးစားလျှပ်စစ်ပါဝါလိုင်းကို ကျေးရွာ(၃၄)ရွာရှိ အိမ်ခြေ(၅၁၈၄)အိမ်ကို
တပ်ဆင်ပေးမည်ဖြစ်သည်။

ဌာနအနေဖြင့် ပြည်သူပိုင်အဆောက်အဦးများဖြစ်သော စာသင်ကျောင်းများ ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ ၊ ဘာသာရေးအဆောက်အအုံများနှင့် လမ်းမီးတိုင်များတွင်လည်း လျှပ်စစ်မီးပေးမည်
ဖြစ်သည်။