အလှုရှင်များ ငွေကြေးဖြတ်တောက်ခြင်းကြောင့် ဒုက္ခသည်စခန်းအတွင်း အလုပ်လုပ်ကိုင်သူများအပေါ် သက်ရောက်မှုရှိလာ

...

အလှုရှင်များ ငွေကြေးဖြတ်တောက်ခြင်းကြောင့် ဒုက္ခသည်စခန်းအတွင်း အလုပ်လုပ်ကိုင်သူများအပေါ် သက်ရောက်မှုရှိလာ

The Irrawaddy, 26 Apr 2017

URL: https://www.irrawaddy.com/news/burma/donors-cut-financial-support-refugee-camp-workers.html
မဲ့စရီးယန်း၊ ထိုင်းနိုင်ငံ -အလှူရှင်များမှ ငွေကြေးပံ့ပိုးမှုဖြတ်တောက်လိုက်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော လူမှုလုပ်သား ၁ သောင်းခန့်ကို သက်ရောက်မှု ရှိနိုင်ကြောင်း
ဒုက္ခသည်အသိုင်းအဝိုင်းနှင့် အကူအညီပေးနေသည့်အဖွဲ့အစည်းများထံမှ သိရသည်။

ထိုသို့ဖြတ်တောက်လိုက်ခြင်းကို မဲဆောက်၌ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ The Border Consortium (TBC) အစည်းအဝေးတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

စခန်းတွင်း လူမှုလုပ်သားများအတွက် လစာလျော့ချခြင်းကို ဇူလိုင်လတွင် စတင်မည်ဖြစ်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ကရင်ဒုက္ခသည်ကော်မတီ(KRC) မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောတူးတူးကပြောခဲ့သည်။

ထိုင်းနိုင်ငံ မဲ့စရီးယန်းရှိ သူ၏ရုံးခန်းတွင် စောတူးတူးမှ ဧရာဝတီသို့ ပြောပြခြင်းဖြစ်သည်။ “TBC က လူ့အရင်းအမြစ်နဲ့ ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးပေးတာတွေကို လျှော့ချပါမယ်။ ဘတ်ဂျက်တွေလျော့လာတာကြောင့် ပံ့ပိုးမှုတွေ
လျော့နည်းသွားမှာဖြစ်ကြောင်း သူတို့က ရှင်းပြပါတယ်။”

ငွေကြေးလျှော့ချမှုကြောင့် သက်ရောက်မှုရှိသူများအကြားတွင် ဒုက္ခသည်စခန်း ၉ ခုလုံးတွင်ရှိသည့် KRC ဝန်ထမ်းများလည်းပါဝင်သည်။

“KRC ဝန်ထမ်းအရေအတွက်ကိုလည်း လျှော့ချမယ်လို့ သူတို့ပြောပါတယ် ” ဟု စောတူးတူးက ပြောခဲ့သည်။

အလှူရှင်များသည် ဒုက္ခသည်စခန်းရှိ လုပ်သားများအား ငွေကြေးပံ့ပိုးပေးခြင်းကို ဖြတ်တောက်လိုက်သည်။ စခန်းများထဲတွင် စခန်းကော်မတီခေါင်းဆောင်၊ ကျန်းမာရေးလုပ်သား၊ ကျောင်းဆရာ၊ ဂိုထောင်မန်နေဂျာနှင့် လုံခြုံရေး
ဝန်ထမ်းစသည်ဖြင့် လူမှုလုပ်သား ၁ သောင်းဝန်းကျင် အားလုံးသည် NGOs များမှ လစဉ်လစာငွေလက်ခံရရှိသည်ဟုTBC ကဆိုသည်။

အလုပ်သမား ၁ သောင်းကြားတွင် TBC မှ လုပ်သား ၂၈၀၀ ကို လစာပေးထားပြီး ၎င်းတို့သည် အစားဖြန့်ဖြူးပေးခြင်း၊ အဟာရစီမံချက်များ၊ အသက်မွေးဝမ်းကျောင်း၊ အိမ်နှင့် စခန်းစီမံခန့်ခွဲခြင်းနှင့် စခန်းကော်မတီနှင့်ပူးပေါင်း
ဆောင်ရွက်ခြင်းစသည်ဖြင့် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် တာဝန်ယူလုပ်ဆောင်ပေးသည်။

TBC အမှုဆောင်ဒါရိုက်တာဖြစ်သူ Sally Thompson မှ “စခန်းထဲမှာရှိတဲ့ အချို့သော စီမံခန့်ခွဲမှုအပိုင်းတွေကို အလှူရှင်က သီးသန့်ပေးတာရှိပါတယ်။ ဒါပေမယ့် အလှူရှင်တွေနဲ့ TBC ရဲ့ အထွေထွေငွေကြေးရန်ပုံငွေကနေပံ့ပိုး
ပေးတဲ့ စခန်းစီမံခန့်ခွဲမှုအုပ်ချုပ်ရေးပိုင်းစရိတ်အများစုနဲ့ လစာငွေစရိတ်အများစုဟာ ဒီတချို့သောအလှူရှင်တွေဆီက ငွေကြေးပံ့ပိုးမှုတွေ လျှော့ချတာကို ရင်ဆိုင်နေရပါတယ်။”

“ရလဒ်အနေနဲ့ကတော့ TBC က သူ့ရဲ့ အစီအစဉ်တွေကို ဖြတ်တောက်လိုက်ရသလို အဖွဲ့အစည်းအနေနဲ့ ဆက်လက်ပြီးလျှော့ချသွားဖို့လည်းရှိပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၃နှစ်ကျော်က ထိုင်းနိုင်ငံမှာရှိတဲ့ TBC ဝန်ထမ်း ၃၀ ရာခိုင်
နှုန်းကျော်ကို လျှော့ချခဲ့ပါတယ် ” ဟု သူမက ပြောခဲ့သည်။

စခန်းစီမံခန့်ခွဲမှု ၊ စခန်းအုပ်ချုပ်ရေး ၊ လုပ်သားများနှင့် CBOs များ၏လစာအတွက် TBC ၏ဘတ်ဂျက်သည် ခန့်မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ(၁.၇) သန်းရှိသော်လည်း ရန်ပုံငွေသည် လိုအပ်မှုအားလုံးကို မဖြန့်ကျက်နိုင်ပေ၊
ထို့ကြောင့် ဖြတ်တောက်ရန် လိုအပ်ခြင်းဖြစ်သည်ဟု Sally Thompson ကပြောခဲ့သည်။

“သူတို့ [TBC] က လူမှုလုပ်သားတွေရဲ့လစာကို ၃၀ ရာခိုင်နှုန်းလျှော့ပါမယ်။ ဒါကြောင့် လုပ်သားတစ်ဦးက အရင်ကတစ်လကို လစာ ဘတ် ၁ ထောင် ရမယ်ဆိုရင် နောင်ဆိုရင် တစ်လကို ဘတ် ၇၀၀ ပဲရပါတော့မယ် ” ဟု KRC မှ
စောတူတူးက ပြောသည်။

နိုင်ငံတကာအစိုးရနှင့် အလှူရှင်များသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်သောကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက်
ငွေကြေးအကူအညီပေးခြင်းခြင်းကို ဖြတ်တောက်ခဲ့သည်။

ထိုင်းနှင့် မြန်မာအစိုးရသည် UN refugee agency ၊ the International Organization for Migration (IOM) နှင့်Thai foundation Mae Fah Luang စသည့် INGOs များနှင့်အတူ ဆန္ဒအလျောက်နေရပ်ပြန်ခြင်းအစီအစဉ်ကို
လည်းကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။

စခန်းများအားလုံးတွင် ဆန္ဒအလျောက်ဌာနေပြန်ရေးအကျိုးဆောင်ဗဟိုစင်တာများထားရှိပြီး မြန်မာနိုင်ငံသို့ နေရပ်ပြန်ရန်ဆန္ဒရှိသူဒုက္ခသည်များအတွက် ပြန်လည်အခြေချရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေသည်။
ထိုင်း-မြန်မာနိုင်ငံနယ်စပ်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ကြောင့်ထွက်ပြေးလာသူ ဒုက္ခသည် တစ်သိန်းကျော်နေထိုင်လျှက်ရှိသည်။