နိုင်ငံတော်အတိုင်ပင်ခံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့နှင့်တွေ့ဆုံ

...

နိုင်ငံတော်အတိုင်ပင်ခံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့နှင့်တွေ့ဆုံ

Burma News International, 25 Jan 2017

URL: http://www.bnionline.net/news/mizzima/item/2670-state-counsellor-meets-with-peace-process-steering-team.html
ယမန်နေ့၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်ဆက်နွယ်နေသည့်အချို့သောကိစ္စရပ်များအပေါ် ဆွေးနွေးရန်အတွက်
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST)နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြည်တွင်း
သတင်းစာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖော်ပြခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် သက်ရောက်နိုင်မှု၊ မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁)ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးတွင် ခိုင်မာသောရလဒ်များ ထွက်ပေါ်လာရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများအတွင်း ဖွံ့
ဖြိုးတိုးတက်မှုများကို ပြည်တွင်း ပြည်ပကူညီထောက်ပံ့မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
များမှ အဖွဲ့ဝင်အချို့၏ အမှုအခင်းများ ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး၊ အမျိုးသားပြန်လည်
သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများကိုဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးတွဲဆောင်ရွက်စေလို
ကြောင်းပြောကြားခဲ့သည်။