သစ်တော ထုတ်ကုန် ကုန်သွယ်ရေးအတွက် နိုင်ငံ၏တောင်ပိုင်း ပြည်နယ် မှ EU နှင့် အတူ စာချုပ်လက်မှတ်ရေးထိုးမည်

...

သစ်တော ထုတ်ကုန် ကုန်သွယ်ရေးအတွက် နိုင်ငံ၏တောင်ပိုင်း ပြည်နယ် မှ EU နှင့် အတူ စာချုပ်လက်မှတ်ရေးထိုးမည်

Xinhau News, 22 Jan 2017

URL: http://news.xinhuanet.com/english/2017-01/22/c_136003981.htm
မြန်မာနိုင်ငံ၊ မွန်ပြည်နယ်အစိုးရသည် သစ်တောထုတ်ကုန်များတရားဝင်ကုန်သွယ်မှုရရှိနိုင်ရေးအတွက် ဥရောပသမဂ္ဂ(EU)နှင့်အတူ နှစ်ဦးနှစ်ဖက်သဘောတူစာချွန်လွှာလက်မှတ်ရေး
ထိုးမည်ဖြစ်သည်ဟု မြန်မာ့သတင်းအေဂျင်စီမှ တနင်္ဂနွေနေ့တွင် အစီရင်ခံခဲ့သည်။

တောင်ပိုင်း ပြည်နယ်အစိုးရမှ အုပ်ချုပ်မှု၊ ကုန်သွယ်မှုနှင့် သစ်တောဥပဒေကိုလိုက်နာမည်ဖြစ်ပြီး မြန်မာနှင့် EUအဖွဲ့ဝင်များသည် သစ်တောထုတ်ကုန်များကုန်သွယ်ရာတွင် ဥပဒေအ
ရသာလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု မွန်ပြည်နယ်ဝန်ကြီးဦးမင်းမင်းဦးဖြေကြားခဲ့သည်။

ရှေ့ဆက်လုပ်ဆောင်မည့်အရာများကို အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဦးမင်းမင်းဦးက
တိုက်တွန်းလိုက်သည်။

ထိုအချိန်အတောအတွင်း ဗြိတိန်အစိုးရမှလည်း မြန်မာနိုင်ငံတွင် FLEGTစီမံကိန်း(သစ်တောဥပဒေ၊ အစိုးရနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ခြင်း)ကိုအကောင်အထည်ဖော်ရန်အတွက်
ပေါင် ၄ သန်းကျော်ပေးရန် ကတိပေးခဲ့သည်။

FLEGT စီမံကိန်းသည် ဥရောပနိုင်ငံများတွင် တရားဝင်သစ်ခိုးထုတ်ခြင်းမှရရှိလာသည့် ဆိုးကျိုးများကို လျော့ချနိုင်ရန် နှင့် ရည်ရွယ်သည်ဟု သစ်တောဌာနမှ ပြောကြားခဲ့သည်။ စီမံ
ကိန်းသည် သစ်များအားတရားဝင်ထုတ်လုပ်စေရန်တိုက်တွန်းအားပေးသည်သာမက သစ်တောအုပ်ချုပ်မှုပိုင်းဆိုင်ရာစွမ်းရည်လည်း တိုးတက်လာမည်ဖြစ်သည်ဟု ပြောပြာခဲ့သည်။

စာရင်းဇယားများအရ မြန်မာ့သစ်တော အမြတ်အစွန်းမှာ ၁၉၇၅ခုနှစ် တွင် ၆၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ခုနှစ်တွင် ၄၇ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၁၉၉၀ခုနှစ် မှ ၂၀၁၀ခုနှစ်အတွင်း
မြန်မာ့သစ်တောပြုန်းတီးရေးနှုန်းသည် ၀.၉၅ ရာခိုင်နှုန်းရှိသည်။