ကရင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်မှ သြဂုတ်လတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ရရှိမည်

...

ကရင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်မှ သြဂုတ်လတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ရရှိမည်

The Global New Light of Myanmar, 19 Jan 2017

URL: https://issuu.com/myanmarnewspaper/docs/19_jan_17_gnlm
ကရင်ပြည်နယ် မြို့နယ် ၅ ခုရှိ ကျေးရွာ ၁၄၃ရွာမှ အိမ်ခြေ ၁၁၄၄၂လုံးခန့်အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်မှ သြဂုတ်လအထိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကို ကရင်ပြည်နယ်
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ စတင်ပေးဝေမည်ဖြစ်သည်။

“ ဆိုပါလျှပ်စစ်စနစ် ၃ မျိုးရှိပါတယ်- ၃၀ ဝပ်၊ ၄၅ ဝပ် နဲ့ ၆၀ ဝပ်တို့ဖြစ်ပါတယ်။ ၃၀ဝပ်အတွက် မီတာခက ကျပ် ၃ သိန်း၊ ၄၅ ဝပ် နဲ့ ၆၀ ဝပ်အတွက်က ၃ သိန်း ၈ သောင်းနဲ့ ၄ သိန်း
၂ သောင်း အသီးသီးရှိပါတယ် ” ဟု ကရင်ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာနဦးစီးမှူး ဦးနေဦးကပြောသည်။

“ နေရာင်ခြည်သုံးလျှပ်စစ်ကို ကျွန်တော်တို့အရစ်ကျအနေနဲ့လည်းရောင်းပါမယ်။၁၀ရာခိုင်နှုန်း လက်ငင်းပေးချေရပါမယ်။ ၃၀ ဝပ်အတွက် ကျပ် ၃သောင်း ၊ ၄၅ ဝပ်အတွက် ကျပ် ၅
သောင်းနဲ့ ၆၀ ဝပ်အတွက် ကျပ် ၇သောင်းဖြစ်ပါတယ်။ ကျန်တဲ့ ပိုက်ဆံကိုတော့ ၂ကြိမ်ခွဲသွင်းရပါမယ်။ "

"အခုလက်ရှိမှာတော့ အိမ် ၁၀၀ကျော်က ဒုတိယအရစ်ပေးသွင်းပြီးပါပြီ ။အခြားကျန်တဲ့ဟာတွေကိုတော့ သူတို့ရွာကို လျှပ်စစ်လိုင်းရောက်မှပေးရမှာပါ ဟု သူကပြောသည်။ ကရင်
ပြည်နယ် ဘားအံက ရွာသား ၂၃ဦး၊ လှိုင်းဘွဲက ၁၁ ဦး ၊ ကော့ကရိတ်က ၇၃ဦး၊ ကြာအင်းဆိပ်ကြီးက ၂၉ဦး နဲ့ သံတောင်ကြီးက ၇ ဦးတို့က ဆိုလာလျှပ်စစ်ဝယ်ဖို့ စာရင်းပေးထားပါ
တယ်။ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကတော့ ပိုက်ဆံပေးစရာမလိုပါဘူး။ "